#A/N:Zăoan ☀ ဒီနေ့ဒီမှာနေသာတယ်။
9နာရီကျော်နဲ့ နေပြင်းနေပြီ။
ကျနော် ညကမတင်ဖြစ်လိုက်လို့ အခု ကားပေါ်ကနေတင်ပေးလိုက်တာ 💞💞💞☀🌻☀🌻☀
ရီဖေး နူးညံ့လှတဲ့ ရှင်းလန် ခါးလေးကိုပွတ်သပ်နှိပ်နယ်ရင်းက ရင်တွေတဖျပ်ဖျပ်ခုန်နေရသည်။
"ငါ့ကိုယ်ငါ အရမ်းစိတ်ပျက်တာပဲ...လူလည်းအရိုးတွေရော အသားတွေပါသုံးစားမရတော့ဘူးနဲ့တူတယ်''
ရှင်းလန်က တတွတ်တွတ်ရေရွတ်ကာ သူ့ကိုယ်သူအပြစ်တင်နေတော့သည်။
"အခန့်မသင့်လို့ဖြစ်တာပဲကွာ ဘယ်တတ်နိုင်မလဲ''
"မင်းကတော့ဘေးကကြည့်ရုံဆိုတော့ ပြောအားရှိမှာပေါ့..တကယ့်တကယ်အဆင်မပြေဖြစ်ရတာကငါလေ မင်းမှမဟုတ်တာ''
ရီဖေးက မှောက်ခုံကနေ မျက်နှာလေးလှည့်ကာ ရန်တွေ့နေသော ရှင်းလန်ကို အသည်းယားစွာဖြင့် ခါးကိုခပ်နာနာဆုပ်ညှစ်လိုက်ပြီး ရှုံ့မဲ့သွားသော လူစွာလေးကို
"မင်းဘာအဆင်မပြေတာရှိလည်းငါ့ကိုပြော ငါအားလုံးအဆင်ပြေအောင်လုပ်ပေးမယ်''
"မင်းဟာမင်းတောင် တစ်ကျောင်းလုံးကိစ္စအပြင် ဖွန်ကြောင်တဲ့ကိစ္စနဲ့ပါ ချာလပတ်ရမ်းနေရတဲ့အထဲ''
ရီဖေး ဟက်ခနဲရယ်ကာ ရှင်းလန်မျက်နှာနား ငုံ့လျက်တိုးကပ်လိုက်ပြီး
"မင်းသဝန်တိုနေတာလား''
"သေလေ အရူးကောင်ရဲ့''
ရှင်းလန်က ဆတ်ခနဲထကာ ရီဖေး ရင်ဘတ်ကိုခပ်ဆတ်ဆတ်ပိတ်ထိုးသည်။
"ဟေ့..ဖြည်းဖြည်း..ခါးပိုနာသွားမယ်''
ရီဖေး မိမိရင်ဘတ်ထက်က လက်သီးဆုပ်လေးကို ဖမ်းဆုပ်လိုက်ကာ သတိပေးရသည်။