ရီဖေးမျက်လုံးမဖွင့်သေးပေမယ့် ရေချိုးခန်းထဲကအသံတွေကိုတော့အတိုင်းသားကြားနေရသည်။ညက ရှင်းလန် အိပ်ပျော်သွားချိန် ရီဖေးနိုးလာတော့ ဒူးလေးနှစ်ဖက်ကိုကျစ်နေအောင်ကွေးထားတဲ့ကောင်လေးကြောင့် တစ်ခုခုကိုနားလည်လိုက်သည်။
ရီဖေးကိုယ်တိုင်လည်း ရှင်းလန်ရဲ့တင်ပါးမှာ ကြယ်ပုံသဏ္ဍန်အမှတ်အရာပါ၊မပါ အရမ်းသိချင်နေတာမို့
အခွင့်အရေးရတုန်းလေး သတ္တိမွေးကာ
ဘောင်းဘီသားရေကြိုးလေးကို အသက်အောင့်လျက် လျှောချလိုက်မိသည်။
ဖွေးဥနေသော တင်ပါးလုံးလုံးလေးထက် ကြယ်ပုံမပီမသ အမှတ်ညိုညိုလေးက အထင်းသားရီဖေး မျက်ရည်များလည်လာသည်အထိ ဝမ်းသာဆို့နစ်မိသည်။
ဝမ်းသာတာက အနှစ်နှစ်အလလ ရှာဖွေနေခဲ့ရတဲ့
အတိတ်ဘဝက ချစ်ဇနီးလေးကို သက်သေအထောက်အထားအစုံအလင်နဲ့ ပြန်တွေ့ရပြီမို့ဖြစ်ကာ
ဆို့နစ်မိတာကတော့ အတိတ်ဘဝက အရွယ်ကောင်းကာလ ချစ်မဝနိုင်ကြသေးခင် အဖြစ်ဆိုးတွေနဲ့ သေကွဲကွဲခဲ့ကြရတဲ့အတွက်ရယ်ပါ။ရီဖေး အသက်၁၁နှစ်အရွယ်မှာ အဘွားဖြစ်သူနဲ့အတူ တောင်ပေါ်ရွာလေးတစ်ခုသို့အလည်ပါသွားရင်းက
ထိုရွာလေးဟာ ရီဖေးအတွက်အရမ်းရင်းနှီးတဲ့အငွေ့အသက်တွေ့ရနေခဲ့သည်။သူများအိမ်မှာဧည့်သည်လုပ်နေရင်းက ရွာထဲလျှောက်ကြည့်ဦးမည်ဟု အဘွားထံခွင့်ပန်ကာ လျှောက်သွားရာက ခြေလှမ်းတွေက ရင်းနှီးနေတဲ့ခြံတစ်ခုရှိရာသို့ အလိုလိုလှမ်းသွားမိသည်။
ရီဖေးရဲ့မျက်ရည်ပေါက်တွေက ရှင်းလန်ပါးပြင်ပေါ်သို့ ပေါက်ခနဲ့ကျသွားမှ ရီဖေး သတိပြန်ဝင်ကာ
ရှင်းလန်နိုးမသွားစေရန် အသာအယာပွတ်သုတ်ပေးမိသည်။"မေကွေ့ အချစ်ရယ်...မင်းရဲ့ကဗျည်းတိုင်ကိုမြင်လိုက်ရတဲ့အချိန်တုန်းက ကိုယ့်ရဲ့ရင်တွေတစ်ခုလုံးဗြောင်းဆန်သွားခဲ့တယ်...ဒီဘက်ခေတ်ကာလကြီးထဲမှာ မင်းကိုပြန်ရှာတွေ့ဖို့ဆိုတာ ကိုယ့်အတွက်တော့ ပင်လယ်ထဲကျသွားတဲ့ ကျောက်စရစ်ခဲလေးကို လိုက်ရှာရသလောက်မျှော်လင့်ချက်လေးပဲရှိပေမယ့် ကိုယ်အားမလျှော့ခဲ့ပါဘူး....''