စားပွဲပေါ်တွင် မှောက်အိပ်နေသော ရှင်းလန် မျက်နှာလေးကိုကြည့်ရင်း ရီဖေး ရင်တွေခုန်နေမိသည်။
ဒီနေ့ တစ်နေကုန် မိုးတဖွဲဖွဲ လျှပ်တလက်လက်နဲ့မို့ ရီဖေး လမ်းမှာမိုးစိုခဲ့တာကြောင့် စောစောနားချင်နေပေမယ့် ရှင်းလန် ကို အင်္ဂလိပ်စာသင်ပေးနေရသည်။
ဦးလေးဖြစ်သူက မနက်အိမ်ကထွက်တည်းက မိုးကောင်းကင်ကိုကြည့်ပြီး
"ဒီနေ့ ရာသီဥတုဆိုးမယ်တဲ့. ရှောင်ကွမ်းရာ တစ်ရက်လောက်တော့အိမ်မှာပဲနားလိုက်ပါ''
"ဗီလာက ကောင်လေးက ဒီတစ်ပတ်နောက်ဆုံးပဲလေ စူးအား.. ဘာမှမဖြစ်ပါဘူး သွားလိုက်မယ်''
တကယ်တော့ ရှင်းလန် မျက်နှာကို တစ်ရက်မတွေ့ရ မနေနိုင်တာကြောင့် ဗီလာကကျောင်းသားကိုအကြောင်းပြရတာ။
မိုးမိလာတဲ့ ရီဖေးက ကော်ဖီသောက်ကာ သင်ပေးနေသလောက်
အိမ်မှာပဲဇိမ်ကျနေရတဲ့ ရှင်းလန်က မိုးတစိမ့်စိမ့်နဲ့ အစောကြီးမှောက်နေပြီ။"ဂျိန်း!''
ရှင်းလန် ကိုယ်လေး တုန်တက်သွားတာမို့ ရီဖေး ရှင်းလန်ကို အသာပွေ့ယူလိုက်သည်။
ကုတင်ဆီ ပွေ့သယ်လာတော့ တကယ်မသိတာလား
သိရက်နဲ့ ဇိမ်ခံချင်နေတာလားမပြောတတ်အိပ်ယာထက်အသာအယာချပြီး ခြေရင်းက စောင်ကိုလှမ်းယူရန် ကိုယ်ချင်းအခွာ
"ဂျိန်း!''
"မား!...ရှောင်လန် ကြောက်တယ်...''
ကလေးပေါက်စနလေးလို တုန်တက်သွားကာ ရီဖေး လက်ကိုအတင်းဆုပ်ကိုင်ထားတာမို့
ရီဖေး ဘေးတွင်အသာဝင်လှဲကာ တုန်ရီနေသော ကိုယ်လေးကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။နွေးထွေးလုံခြုံသွားသည်ထင့် ခန္ဓာကိုယ်လေးပျော့ပျောင်းကာ ငြိမ်ကျသွားသည်။
ရီဖေး လက်ချောင်းလေးတွေက ရှင်းလန်မျက်ဝန်းထောင့်က အရည်ကြည်လေးတွေကိုတို့သုတ်ပေးနေလိုက်သည်။
"ဂျိန်း..ဂျလိန်း!...''
"လောင်ကုန်း..ဘယ်သွားမလို့လဲ''