ရှင်းလန်က သိပ်လှုပ်ရှားလို့အဆင်မပြေသေးတာကြောင့် wheelchair နဲ့သွားနေရသည်။
ရီဖေး English စာအနည်းငယ်ရှင်းပြအပြီးမှာ
"ရီဖေး မင်းက grammar တော်တော်ကျွမ်းတာပဲ
အရင်ဘဝက ကျောင်းဆရာများလား ဘယ်ဘာသာပဲဖြစ်ဖြစ် နားလည်လွယ်အောင်ရှင်းပြတတ်လွန်းတယ်''ရှင်းလန် စကားကြောင့် ရီဖေး ခဲတံကိုချကာ ရှင်းလန်ထံစေ့စေ့စိုက်ကြည့်လိုက်သည်။
ရှင်းလန်က ဘာလဲဟ ဆိုသည့်ပုံစံနဲ့ မျက်မှောင်ကျုတ်တော့ ရီဖေး က တည်ငြိမ်သောမျက်နှာထားနဲ့
"ငါကအရင်ဘဝက အစိုးရရုံးကအရာရှိတစ်ယောက်ပါ''
ရီဖေးစကားကြောင့် ရှင်းလန် မျက်လုံးပြူးကာ ပါးစပ်အဟောင်းသားနှင့်
"ဘာရယ်..ဟဟားဟား မင်းက အကြားအမြင်ရပုဂ္ဂိုလ်လား...ရုပ်တည်ကြီးနဲ့လည်း ဟာသပြောတတ်သားပဲ''
ရီဖေးက တဟားဟားလက်ညှိုးထိုးရယ်နေသော ရှင်းလန်ထံ စိတ်ပျက်သလိုကြည့်ကာ စကားမဆက်နေတော့။
ရှင်းလန်က ခါးကို ရှုံ့မဲ့လျက်ထောက်ကာ ကုတင်ဆီလျှောက်သွားပြီး
"ငါကြာကြာထိုင်လို့မရသေးဘူး... ကုတင်ပေါ်မှာမှောက်ပြီး အိမ်စာကူးမယ်''
"မင်းအေးအေးဆေးဆေးလှဲနေလိုက်ပါ..ငါကူးပေးမယ်''
ရှင်းလန်က ကုတင်ထက်မှာမှောက်ခုံမှောက်လျက်က ခေါင်းထောင်ကာ မျက်လုံးအစုံတလက်လက်တောက်လျက်
"တကယ်....ထျန်းနာ! ရှဲ့ရှဲ့လောင်သ....''
လက်နှစ်ဖက်ကို ဆုပ်ကာ အရိုအသေပြုဟန်လုပ်လျက် ချွဲသလိုအမူအယာနဲ့ပြောလိုက်တဲ့ ရှင်းလန်ရဲ့ချစ်စဖွယ်အပြုအမူလေးကြောင့် ရီဖေး ငေးခနဲဖြစ်သွားရသည်။
"အား...ခဏနေကျရင်ခါးကိုဆေးလူးဖို့ ချူ မားကိုခေါ်ရဦးမယ်..ကျွတ်ကျွတ်...''
ရီဖေး စာကူးနေရာကနေ ရှင်းလန်စကားကြောင့် တွေးခနဲဖြစ်သွားရသည်။
"လောင်ကုန်း....ခါးကလည်းညောင်းကိုက်နေတာပဲ''
"ဗိုက်အောက်ကို ခေါင်းဦးလေးခံပြီး အသာမှောက်လိုက် အချစ်..ကိုယ် ကိုယ်ဝန်ဆောင်နှိပ်နယ်နည်းသင်လာတယ်''