"လောင်ကုန်း ဒီတစ်ခေါက် ရှန့်ဟိုင် သွားတာ ဘာထူးလဲ''
"သြော် မေကွေ့ ကိုယ့်နား လာပါဦး''
မေကွေ့က ကုတင်ဘေးကစားပွဲတွင်ထိုင်ကာ ကိရိယာတန်ဆာပလာဗူးလေးကိုအာရုံစိုက်နေသော ခင်ပွန်းထံ ကနွဲ့ကလျလေးလှမ်းသွားတော့
ခင်ပွန်းဖြစ်သူက မေကွေ့ခါးလေးကိုဆွဲယူကာ သူ့ပေါင်ပေါ် တင်ပလွှဲထိုင်စေလိုက်သည်။မေကွေ့ကိုသိုင်းဖက်ကာ သူ့ပစ္စည်းဗူးလေးကိုပြရင်း
"ဒီမှာကြည့် ဒါကတက်တူးထိုးတဲ့စုတ်တံလေးတွေ
ရှန့်ဟိုင်မှာတုန်းက ဖူးကျန့်အမေရိကန်ကပြားတစ်ယောက်က ကိုယ့်ကို တက်တူးပညာသင်ပေးလိုက်တယ်''"လောင်ကုန်းကတော့လေ ရောက်လေရာမှာ ရသမျှပညာအကုန်သင်လာတော့တာ''
မေကွေ့ရဲ့ခင်ပွန်းဟာ အလွန်မှာဥာဏ်ပညာထက်မြတ်တဲ့ သင်လွယ်တတ်လွယ်တစ်ယောက်ဖြစ်ပြီး ရောက်လေရာအရပ်ကနေ တွေ့သမျှအတတ်ပညာအကုန်သင်လာတတ်တဲ့အကျင့်လည်းရှိသူမို့ မေကွေ့မအံ့သြတော့
"ဒါနဲ့ အဲ့အတတ်ကဘယ်နေရာသွားသုံးဖို့တုန်း''
"ကိုယ်လည်း ဘာရယ်မဟုတ်သင်လာတာ..ဒါပေမယ့်သင်လာပြီးမှ ဘယ်သူ့သွားစမ်းရမလဲမသိဖြစ်နေလို့ မေကွေ့ကိုယ်မှာ ပန်းလှလှလေးတစ်ပွင့်ထိုးပေးမယ်လေ နော်''
ဒီလိုကျ မေကွေ့ ခင်ပွန်းသည်အပေါ်ချစ်မျက်လုံးရွှဲကြီးနဲ့ကြည့်မနေနိုင်တော့ အလန့်တကြားမျက်လုံးပြူးကာ
"အမလေးတော် မလုပ်ပါနဲ့ ကျွန်မအသားနာမှာကြောက်တယ်..ပြီးတော့ တဲ(爹=အဖေ)မြင်သွားလို့ အရည်ပြားခွာနေပါ့မယ်''
"ယောက်ခမကြီးမမြင်တဲ့နေရာမျိုးမှာ ထိုးပေးမှာပေါ့အချစ်ရယ်...မင်းယောက်က်ျားကိုယ်ပဲ ကြည့်ခွင့်ရမယ့်တစ်နေရာရာ..ပြီးတော့ သိပ်မနာအောင်သေးသေးလေးပဲထိုးမယ်''
ဒီအတတ်စမ်းချင်နေတဲ့ ခင်ပွန်းကတော့ တားလို့ရမှာမဟုတ်တော့။
မေကွေ့ကလည်း ချစ်ခင်ပွန်းအလိုကျ ဘာမဆိုပါရမီဖြည့်ချင်သည့် ဇနီးဆိုတော့ ခက်နေပေပြီ။ဒါနဲ့ပဲ မျက်စိက ပြတင်းပေါက်ကတဆင့် ခြံထဲက မက်မုံပန်းပွင့်လေးတွေဆီအကြည့်ရောက်သွားတာမို့