ရှင်းလန်တစ်ယောက် ပွစိပွစိနဲ့ အတန်းထဲကစာရင်းဇယားတွေနဲ့အလုပ်ရှုပ်နေတော့သည်။
အခုထိလည်းရေမချိုးရသေးတာမို့ မှောင်သွားရင် အအေးမိလေ့ရှိတဲ့ကိုယ့်အားနည်းချက်ကိုယ်သတိရကာ ရေချိုးရန်ထရပ်လိုက်ရသည်။
ရေချိုးခန်းထဲရောက်တော့ ဆပ်ပြာရည်ဗူးကိုလှမ်းယူရင်းက ကျန်းရီဖေးဗူးကိုဆွဲယူမိကာ လက်ထဲညှစ်ချပြီးမှ
"အယ်..ဒါ ဟိုငပျင်းကောင်ရဲ့ဟာပဲ''
ပုံမှန်ဆို အင်မတန်ဇီဇာကြောင်တတ်တဲ့ ရှင်းလန်က ကိုယ်သုံးနေကျ အသုံးအဆောင်မဟုတ်ပဲ လက်တည့်စမ်းလေ့မရှိ။
အခုလိုအပေါစားမျိုးဆို အရေပြားနဲ့တောင်အထိခံတာမဟုတ်။
ကိုယ့်ရဲ့နုနယ်လွန်းတဲ့အသားအရည်အပျက်ဆီးမခံနိုင်။ဒါပေမယ့် အခုလက်ဖဝါးထဲရောက်နေတဲ့ ငပျင်းကောင်ရဲ့ဆပ်ပြာအနံ့က ရှင်းလန်နဲ့ယဉ်ပါးနေသလို သဘောကျမိသလိုတောင်ဖြစ်နေတာမို့ ရှင်းလန် ပိုယ်မှာပွတ်တိုက်လိုက်မိသည်။
ဆပ်ပြာရနံ့က တစ်ကိုယ်လုံးလွှမ်းခြုံသွားတဲ့နောက် ကျန်းရီဖေးနဲ့ အနီးကပ်ထိတွေ့နေရသလိုတောင်ခံစားမိသည်။
"ကျွတ်..ဘာအတွေးဆိုးကြီးလဲ ထန်ရှင်းလန်''
ရှင်းလန် ကမန်းကတန်းပဲ ရေပိုက်ဖွင့်ကာ ရေနဲ့ဆေးချလိုက်ပြီးနောက် ခါးမှာတဘတ်ကိုပတ်ကာ ပြန်ထွက်ရန်အပြင်
"အား.....ဘုတ်!...အင့်!''
ရေချိုးခန်းအပေါက်ဝမှ ချော်တော်တော်အရာတစ်ခုကိုနင်းမိကာ ဖင်ထိုင်ရက်ကျလျက် ခါးကသေလောက်အောင်နာသွားတော့သည်။
"အား ကျွတ်ကျွတ် လှုပ်လို့တောင်မရတော့ပါလား''
ရှင်းလန် အေးလာပြီမို့ အပြင်ထွက်ရန် နည်းနည်းလေးလှုပ်ကြည့်မိတိုင်း မျက်ရည်ထွက်အောင်နာနေအိသည်။
"အားယိုး....အအေးပတ်ပြီ့းသေတော့မယ်နဲ့တူတယ်''
စိတ်နာနာနဲ့ မိမိတက်နင်သမိသည့်အရာကိုကြည့်မိတော့ စင်ပေါ်မှ မဆံ့ကာပြုတ်ကျပြီး အဖုံးပွင့်လျက် အထဲကအရာတွေထွက်ကျနေသော wax gel tube ဗူး