ရီဖေး ဆေးအရှိန်နဲ့အိပ်ပျော်သွားလိုက်မိတာဘယ်လောက်ကြာသွားတယ်မသိ
နိုးလာတဲ့အချိန်မှာ မျက်စိအစုံက ပြင်ပအလင်းရောင်ဒဏ်ကိုတောင်မခံနိုင်တာမို့ အသာအယာပွတ်ပြီး
ကျင့်သားရအောင်စောင့်ဆိုင်းနေရသည်။မျက်လုံးအစုံကျင့်သားရခါမှ မိမိကုတင်ပေါ်မှောက်ကာအိပ်ပျော်နေသော ရှပ်လက်ရှည်အဝါစင်းလေးနှင့် ကျောကုန်းသေးသေးလေး
"ရှင်းလန်''
ဘယ်အစိတ်အပိုင်းလေးကိုပဲ မြင်မြင် မမှတ်မိစရာအကြောင်းကိုမရှိ။
ဆံနွယ်ဖုံဖုံလေးတွေထက်အသာပွတ်သပ်ကာ"ဘယ်တုန်းတည်းကရောက်နေတာပါလိမ့် စူးအားဆီကနေလိပ်စာမေးလိုက်ပုံရတယ်''
ရီဖေး ခေါင်းတွေက အနည်းငယ်ကြည်လင်နေပြီမို့ အသာဖွဖွ ကုတင်ပေါ်မှဆင်းလိုက်သည်။
ရှင်းလန်နောက်ကျောလေးထက်လက်ခံကာ ရင်ဘတ်အောက်လက်လျိုပြီးလှန်ချလိုက်သည်။အိပ်ကောင်းနေတဲ့အချိန်မို့ထင့် ရှင်းလန် လွန့်လူးရုံမှလွဲ၍ နိုးမလာ
လက်မောင်းပေါ်က ခန္ဓာကိုယ်လေးကို ဖက်ရွက်လေးပမာအသာပွေ့ကာ
အိပ်ယာပေါ်နေရာချပေးလိုက်သည်။
ရင်ညွန့်ထိစောင်လေးဆွဲအုပ်ပေးကာ ကုတင်ထက်တင်ပုလွဲထိုင်ရင်း ချစ်ဖို့ကောင်းလွန်းတဲ့မျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိသည်။ရှင်းလန် ဟာ မေကွေ့ပါဆိုတဲ့သက်သေကိုဖော်ထုတ်ဖို့ ရီဖေး အရမ်းအလျင်လိုနေပေမယ့် အလှမ်းကွာဝေးနေသေးသည်။
ဒါပေမယ့် မေကွေ့ဆိုတာ မသေချာတစ်ဝက်နဲ့ပင် ရီဖေးနှလုံးသားက ရှင်းလန်အပေါ်အကျွံကြီးကျွံနေမိပြီ။အိထွေးနေသောနှုတ်ခမ်းရဲရဲလေးထက် လက်မလေးနှင့်ပွတ်သပ်ကာ အသည်းယားနေမိသည်။
အခုနေ စုပ်ယူငုံခဲလိုက်ရင် ရှင်းလန်ထံ အဖျားတွေကူးသွားလေမလား တွေးပူမိတာမို့ စိတ်ကိုထိန်းချုပ်ကာ
ဟာနေတဲ့ဝမ်းကိုဖြည့်ရန် အပြင်ထွက်လာခဲ့မိသည်။
မျက်လုံးထဲမှာသော ကုတင်ထက်က အရသာလေးကိုသာ တပ်မက်မြင်ယောင်နေတုန်း။"အယ် ရှောင်ကွမ်း စူးအားကိုနှိုးရောပေါ့''
ကိုယ့်ဟာကိုယ် စွပ်ပြုတ်နွှေးနေသော ရီဖေးအသံကြောင့် ဦးလေးနိုးလာပုံရသည်။
အပြင်ထွက်လာကာ ရီဖေး နေရာကိုဝင်ယူသည်။