Uni
ရှင်းလန် လုံးဝမလှုပ်ရဲ ။
ခန္ဓာကိုယ်တစ်ခုလုံးက ဗလာကျင်းရင်ခွင်တစ်ခုထဲနစ်ဝင်နေသလို မိမိတစ်ကိုယ်လုံးမှာလဲ အဝတ်တစ်ခုမှကပ်မနေ။"ထျန်းနာ! ညက...ညက...''
ရှင်းလန်ဆက်မတွေးရဲတော့
ညက ရီဖေးဘာတွေလုပ်ခဲ့လည်းအားလုံးမှတ်မိနေသလို ကိုယ်တိုင်ကဇွတ်မရုန်းနိုင်ခဲ့။
အခုအချိန်ထ အောက်ပိုင်းမှာ ညစ်ပတ်စေးကပ်နေတဲ့ ကိုယ့်ကိုယ်ကို မသတီသလိုဖြစ်နေရသည်။ကိုယ်တိုင်လည်း ညက ဆန္ဒတွေဖြစ်ပေါ်နေခဲ့လို့ မငြင်းဆန်မိတာပဲ။
နှစ်ယောက်သား ပွတ်တိုက်ရင်းက ပြီးဆုံးအိပ်မောကျကုန်ခဲ့တာ ၂ကြိမ်မြောက်လေလား။"ထန်ရှင်းလန် မင်းကဘာလဲ မင်းနဲ့ရီဖေးကဘယ်အဆင့်မို့လို့ ဒီကောင်ဘာလုပ်လုပ်ရအောင်ရုန်းမထွက်နိုင်ရတာလဲ"
မိမိကိုယ်ကိုမေးခွန်းပြန်ထုတ်ရင်း လက်သီးဆုပ်နဲ့ခေါင်းကိုအခါခါထုနေမိသည်။
ရှင်းလန်ရဲ့လှုပ်ရှားမှုကြောင့် ရီဖေးလွန့်လူးလာသည်။
ရှင်းလန် အသက်ကိုအောင့်ကာ ရီဖေးလက်တို့ကိုအသာဖယ်ခွာလျက် အိပ်ယာထက်မှာထလာခဲ့ရသည်။ရေချိုးခန်းမှန်မှာပေါ်နေတဲ့ ကိုယ့်မျက်နှာကိုယ်ပြန်မြင်ရတာပဲ ရှက်နေမိသည်။
"ထျန်းနာ"
ရှင်းလန် မျက်လုံးတို့ဝိုင်းစက်သွားအောင်ထိတ်လန့်စွာ ထအော်မိလေပြီ။
ကြည့်လေ ညှပ်ရိုးတဝိုက် ထင်းနေသော အမှတ်အသားများ။
ဒါတွေကိုဖုံးအောင် ရှင်းလန် ဒီရက်အတွင်း လည်ပင်းထိဖုံးတဲ့အဝတ်အစားတွေချည့်ဝတ်ရပေတော့မည်။
"ခွေးကောင် ခွေးကောင်$#@"အခါခါရေရွတ်ဆဲဆိုရင်း ခန္ဓာကိုယ်ကို ရေနွေးနဲ့ဆပ်ပြာနဲ့အထပ်ထပ်ပွတ်တိုက်နေမိတော့သည်။
"ရှောင်လန် မပြီးသေးဘူးလား မင်းအအေးပတ်တော့မှာပဲ"
"မင်းအလုပ်မဟုတ်ဘူး သွားသေလိုက်"
အပြင်က မကြားရလောက်မှန်းသိပေမယ့် ပြန်အော်မိသည်။
"ဟင် မင်းဘာပြောနေတာလဲ ထွက်ခဲ့တော့လေ"