အတန်းရှေ့မှာရပ်နေတဲ့ ရီဖေး မျက်နှာကမာနေသည်။
ရှင်းလန် ပင် အသာငြိမ်ကုတ်ကာ အကဲခတ်နေရသည်။"မင်းတို့ဘာလို့ ဘတ်စ်စကတ်ဘောအသင်းကနေနှုတ်ထွက်ကြတာလဲ''
အခန်းထဲက အရပ်မြင့်မြင့်နဲ့ယောက်ျားလေးတစ်အုပ်က စူပုတ်ပုတ်မျက်နှာထားတွေနဲ့
"အသင်းခေါင်းဆောင်ကို ငါတို့သဘောမကျဘူး လောင်သ''
"ဟုတ်တယ် လောင်သ! အဲဒီစီနီယာက တအားမောက်မာလွန်းတယ်...''
ရီဖေးက မျက်နှာကိုအတန်ငယ်လျှော့ကာ
"ဘာပဲဖြစ်ဖြစ် မင်းတို့က အလယ်တန်းတုန်းက လက်ရည်ရှိတဲ့ကစားသမားတွေလေ ငါတို့နှစ်ရဲ့ဂုဏ်ဆောင်မှဖြစ်မှာ ''
"မင်းပဲအသင်းခေါင်ဆောင်ဆိုရင် ငါတို့ဘာပြောစရာရှိမလဲ''
အမယ်..လာပြန်ချည်သေး..ဒီငပျင်းက ဘတ်စ်ကတ်ဘောလည်းပုတ်တတ်တယ်ပေါ့။
ဒီကောင် မတတ်နိုင်တာတစ်ခုလောက်တော့ ရှင်းလန်တွေ့ချင်မိသည်။"ငါက ဆော့လို့အဆင်မပြေတော့လို့ပါလို့ပြောသားပဲ..မင်းတို့က နောက်ခံမိသားစုပြည့်စုံပြီးသားတွေလေ..နားလည်ကြစမ်းပါ..ပြီးတော့ စီနီယာကိုကျော်ပြီး အသင်းခေါင်းဆောင်မဖြစ်နိုင်ဘူးလေ''
"ငါတို့နားလည်ပါတယ် လောင်သ..ဒါပေမယ့် အဲဒီစီနီယာက မင်းတွေ့ကြည့်လိုက်ရင်သိလိမ့်မယ် တော်တော်အချိုးမပြေတာ''
"ကဲ ကဲ..ငါ အဲဒီစီနီယာနဲ့ညှိကြည့်လိုက်ပါဦးမယ်
အဆင်ပြေရင် မင်းတို့ ချောချောရှူရှူပြန်ကစားကြပါ''"အဆင်မပြေရင်တော့မင်းကိုယ်တိုင် လာtrainပေးနမှ ငါတို့ ဝင်ကစားမယ်''
ရီဖေးက ဘေးကြပ်နံကြပ်ဖြစ်ဟန်နဲ့ ခေါင်းကိုပွတ်ကာ တစ်ချက်စဉ်းစားနေပြီးမှ
"ကောင်းပြီ...ငါအဆင်ပြေအောင်လုပ်ပေးမယ်''
ရှင်းလန်က သူ့ခုံသူပြန်လျှောက်လာသော ရီဖေးဘက်လှည့်ကာ
"တစ်ကျောင်းလုံးကိစ္စက မင်းခေါင်းပေါ်မှာလား လောင်သ''
"တစ်ကျောင်းလုံးကိစ္စအပြင် မင်းကိစ္စရော''