Chapter-22

5.4K 904 53
                                    

အဆောင်ရောက်တော့ ရှင်းလန်တစ်ယောက်တညစိတ်တွေဆိုးနေရသည်။
လောင်သ ဆိုသူကြီးကမှ ပြန်မလာနိုင်သေးတာ။

အတန်းထဲက ကောင်မလေးတွေက ညနေတိုင်း ဘတ်စ်ကတ်ဘောလေ့ကျင့်တဲ့ဆီသွားကာ အားပေးကြသည်။
ရီဖေးကလည်း ရှင်းလန်ကို တစ်ခါတလေလာကြည့်ဖို့ခေါ်ပေမယ့် ရှင်းလန်ကမိန်းကလေးမှမဟုတ်တာ။
မိန်းကလေးတွေသာ ဘတ်စ်ကတ်ဘောကစားတဲ့အရပ်မြင့်မြင့်ကောင်လေးတွေကိုသွားသွားငမ်းကြတာ။
ရှင်းလန်က လုပ်စရာလား။

ပြီးတော့ ရီဖေးကလည်း အတန်းထဲကကောင်တွေကျေကျေနပ်နပ်နဲ့ဝင်ပါအောင် စီနီယာနဲ့အခန်းထဲကကောင်တွေကြား ပြေလည်စေဖို့ ဝင်trainပေးတဲ့သဘောပဲရှိသည်။
သူကိုယ်တိုင် ဝင်ကစားတာမဟုတ်။
သူ့မှာက တစ်ကျောင်းလုံးအရေးတွေနဲ့ရှုပ်ယှက်ခတ်နေတာလေ။

ရှင်းလန် စိတ်ထိုင်ဆိုးနေရတာနဲ့ ရေချိုးခန်းဝင်တာပင်နောက်ကျရတော့သည်။

ရှင်းလန် ရေချိုးပြီးခါးမှာတဘတ်လေးတစ်ထည်သာပတ်လျက်ထွက်လာတော့ ရီဖေးကရောက်နှင့်နေပြီ။

ရှင်းလန် မိမိခန္ဓာကိုယ်အထက်ပိုင်းကို လက်နှစ်ဖက်နဲ့ကွယ်ဝှက်ကာ

"ဘယ်လိုကြောင့်ပြန်ရောက်နေရတာလဲ trainingမရှိဘူးလား''

"ကျောင်းသားပွဲတော်အစည်းအဝေးရှိလို့ trainingမသွားတော့တာ..ဒါနဲ့ အဲ့လက်နှစ်ဖက်ကဘာလို့ကွယ်ရတာလဲ''

ရှင်းလန် ပါးပြင်ရဲခနဲဖြစ်သွားပြီနဲ့တူတယ်။

"မင်းလိုနှာဗူးက ယောက်ျား မိန်းမရှောင်တာမှမဟုတ်တာ''

ရီဖေးက ပြူံးလိုက်ကာ ရှင်းလန်နားတိုးကပ်လာတာမို့

"ဟေ့ကောင် ဘာလို့ငါ့နားလာနေတာလဲ သွားစမ်း ဝေးဝေးကို''

ရီဖေးက နားပင်းနေသူနှယ် ရှင်းလန်နဲ့ လက်တကမ်းအကွာသို့ရောက်လာကာ ရှင်းလန် ခါးကိုဆွဲယူ၍ သူ့ရင်ဘတ်နဲ့ဆွဲကပ်လိုက်တာမို့ ရှင်းလန် မျက်လုံးပြူးသွားသည်။

"ဒါကဘာလုပ်ပြန်တာလဲ လွှတ်စမ်းနှာဗူးရဲ့''

"အခေါ်ခံရတာနဲ့တန်အောင်တော့ နှာဗူးကျရမှာပဲ''

你是我的(မင်းကငါ့အပိုင်/မင်းကငါ့အပိုင်)Where stories live. Discover now