ရီဖေးနဲ့ရှင်းလန် ကျောင်းအတူလာဖြစ်ကြသည်။
ဘောင်းဘီအိတ်ထဲလက်နှုက်ကာ ငိုက်စိုက်ငိုက်စိုက်လျှောက်နေပေမယ့် မြင့်မြင့်မားမားအရပ်ရှည်ကိုင်းကိုင်းကြီးနဲ့အတူယှဉ်လျှောက်ရတာ ရှင်းလန် မနာလိုဖြစ်မိသည်။
ရှင်းလန်က ငယ်စဉ်ကတည်းကအရမ်းချူချာတာမို့ ဖွံ့ဖြိုးသင့်သလောက်မဖွံဖြိုးတာလားတော့မသိ။
တစ်ခြားကောင်တွေနဲ့ယှဉ်ရင်မသိသာလှပေမယ့် ရီဖေးနဲ့ယှဉ်တိုင်း ရှင်းလန်က အရမ်းသိသိသာသာကွာဟနေသလိုခံစားရသည်။"ရီဖေးGeGe ရီဖေးGeGe''
အမောတကောနဲ့ တဖတ်ဖတ်ပြေးလာသံကြောင့် ရှင်းလန်တို့နှစ်ယောက် တစ်ပြိုင်နက်တည်းလှည့်ကြည့်မိတော့ ဂျူနီယာတန်းကဖြစ်လောက်မည့်မိန်းကလေးတစ်ယောက်။
နှစ်ဖက်စည်းထားသော ဆံပင်လေးတွေလှုပ်ခါစွာပြေးလာပုံကိုက ပီဘိလချစ်စရာကောင်းလွန်းနေသည်။
"သြော် မေကွေ့''
ရှင်းလန် နှာခေါင်းရှုံ့မိသည်။
လာပြန်ပြီ မေကွေ့ပဲ။
ဒီအရုပ်မလေးလို ချစ်စရာကောင်းတာက ကျောက်မေကွေ့ဆိုတာဖြစ်မည်။
ကောင်မလေးက ရဲတင်းစွာနဲ့ ရီဖေးလက်မောင်းကို ဆွဲလိုက်ကာ လှုပ်ခါလျက်
"ရီဖေးGege.. မေကွေ့ တို့အတန်းဘက်ကိုမလာတာကြာပြီ ဘာလို့လဲပြော... မေကွေ့က မျှော်မျှော်နေတာ မလာလွန်းလို့လိုက်လာရတာ''
ရှင်းလန် ရပ်စောင့်ရမလို ဆက်လျှောက်ရမလို။
ရီဖေးက ခေါင်းကုတ်ကာ ရှင်းလန်ဘက်ကြည့်သည်။"ငါသွားနှင့်တော့မယ်''
ရီဖေးထံမှ အဖြေစကားမလာခင် ရှင်းလန် ဆက်လျှောက်လာလိုက်သည်။
လျှောက်လာရင်းက အလိုလိုဒေါပွလာမိသည်။
နှာဗူးငရှုပ်ကောင်။
ဒီလောက်မအားတဲ့ကြားကတောင်
ဒီမေကွေ့တွေကြား ပတ်ရှုပ်နေနိုင်သေးတယ်။ရှင်းလန် မျက်စိရှေ့တွေ့သမျှ ရေဗူးအဖုံးမှသည် သစ်ရွက်ခြောက်ပါမကျန် ကန်ထုတ်လာမိသည်။