ရှင်းလန် အတန်းထဲဝင်လာတော့ ယွမ်ယွမ်က ပြေးလာကာ
"ထန်ရှင်းလန် သူများအတန်းတွေက ပျော်ပွဲရွှင်ပွဲအတွက် ဈေးဆိုင်တွေခင်းဖို့စီစဉ်နေပြီ ငါတို့အတန်းက ဘာဆိုင်ခင်းမှာလဲ''
ကျောင်းမှာ ကျောင်းသားပွဲတော်ရှိတာမို့ တစ်ကျောင်းလုံးတက်ကြွနေသည်။
အတန်းခေါင်းဆောင်လုပ်သက်အတွေ့အကြုံမရှိတဲ့
ရှင်းလန်မှာဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။"နင်တို့လုပ်နေကျကဘာတွေလဲ''
"မနှစ်ကတော့ လောင်သက အစီအစဉ်ဆွဲပေးတာဟ''
"အေးလေ ဒီနှစ်လည်း..''
"ဟဲ့ လောင်သက အခန်းတိုင်းအတွက်လည်းတာဝန်ယူနေရတာလေ အားကစားအသင်းအတွက်လည်းလုပ်ရသေး နင်ကအတန်းခေါင်းဆောင်လုပ်ပြီး ဒီလောက်လေးမှ အားမကိုးရဘူးလား''
ရှင်းလန် စိတ်တိုလာသည်။
"နင်တို့ပဲအတင်းခန့်တာလေ ငါကလုပ်ချင်တယ်ပြောလို့လား''
ရှင်းလန် ပိတ်အော်တော့တစ်ခန့်လုံးက မျက်လုံးတွေ ရှင်းလန်ထံရောက်လာသည်။
အခန်းထဲမှာ လူစွာတစ်ယောက်က
"ဟေ့ ထန်ရှင်းလန် မင်းက အတန်းခေါင်းဆောင်လုပ်နေပြီး ဒီလိုအပြုအမူရိုင်းစိုင်းရလား ကိုယ့်အတန်းထဲကမိန်းကလေးတစ်ယောက်ကို အော်လားဟစ်လားနဲ့''
"အယ်...ယင်းမင် ဘာမှမဖြစ်ဘူး ''
ယွမ်ယွမ်က မျက်စိမျက်နှာပျက်စွာဝင်ဟန့်ပေမယ့် ကျောက်ယင်းမင် ဆိုတဲ့ကောင်က ရှင်းလန်အနီးရောက်ချလာသည်။
ရှင်းလန် နည်းနည်းတော့လန့်သွားသည်။
ရှင်းလန်က တစ်ခါမှရန်ဖြစ်ဖူးသူမဟုတ်။
အခု လူစွာလုပ်တဲ့တစ်ယောက်က အတန်းထဲမှာတင်မက အခန်းတကာမှာပါ မိန်းကလေးတွေအထင်ကြီးအောင် အမျိုးမျိုးလုပ်ပြတတ်တဲ့နေရာမှာနာမည်ကြီးသူ။အရပ်အမောင်းနဲ့ကိုယ်ကာယကလည်း ရှင်းလန်ထက်သာသည်။
"မဟုတ်သေးပါဘူး ထန်ရှင်းလန် မင်းက ယောက်ျားရောဟုတ်ရဲ့လား''
"မင်းအပူပါလို့လား''
"ဟား ဟား အဲ့လိုပြောတာကိုက မင်းက မိန်းမလို မိန်းမရဆန်နေပြီ..ပြောပါဦးဘယ်သူ့အားကိုးနဲ့စွာနေတာလဲ''