ရီဖေး ရှင်းလန်ရဲ့ကျောကအမှတ်ကိုကြည့်ကြည့်နေတာဟာ ရှင်းလန် တစ်ခုခုကို သတိရတာများရှိလာလေမလားဆိုတဲ့ရည်ရွယ်ချက်နဲ့ပါ။
ဒါပေမယ့် ရှင်းလန်ကြည့်ရတာ ဘာမှထူးမခြားနား။
ရီဖေးကပဲ အတွေးလွန်နေတာလား။
ရှင်းလန် ဟာ တကယ်ပဲမေကွေ့မဟုတ်ဘူးလား ဟု ပြန်တွေးရလေပြီ။ရှင်းလန် ထံမှာ မေကွေ့နဲ့တူတဲ့အရိပ်အယောင် အမူအကျင့်ဆိုတာဘာမှမရှိ။
ကျောထက်က မက်မုံပွင့်လေးကလွဲလို့။ရီဖေး ဟိုလူးဒီလှိမ့်နဲ့ ရှင်းလန်ရှိရာ အိပ်စင်ဘက် မျက်နှာလှည့်မိတော့ အဆောင်ရှေ့က ဖြာဝင်နေသောမီးရောင်ပျပျနဲ့ ရှင်းလန်မျက်နှာလေးကို မြင်နေရသည်။
နေရောင်တောင်မထိခဲ့သယောင် အိမ်တွင်းတောက်လျှောက်အောင်းနေခဲ့ဟန်ရှိသည့် သကောင့်သားလေးရဲ့အသားအရည်က နုဖတ် ချောမွေ့နေသည်။
ရီဖေး ရှင်းလန်ကိုကြည့်ရင်းက မိမိစုထားတဲ့ပိုက်ဆံတွေကို စိတ်နဲ့ရေတွက်နေမိသည်။
ရီဖေး မေကွေ့ရဲ့ ကျောက်စိမ်းဆွဲပြားကိုပြန်လည်ရယူနိုင်ရန်အားခဲထားတာ ကျောက်စိမ်းဆွဲပြားကို online မှာတွေ့လိုက်ကတည်းကဖြစ်သည်။
"...ကုန်း......ကုန်း''
"ဟင်!''
ရုတ်တရတ် ရှင်းလန်နှုတ်မှ ခပ်တိုးတိုးညီးတွားသံကြောင့် ရီဖေး အတွေးရေယာဉ်ကြောမျောနေရာက ငေါက်ခနဲထထိုင်လိုက်ကာ အာရုံစိုက်လိုက်သည်။
ရှင်းလန် ယောင်နေတာလား။
အခုနက ရေရွတ်နေတာဟာ တိုးလွန်းလှတာမို့
ဝိုက်ကုန်း(အဘိုး=အမေ့ရဲ့အဖေ)
လို့ပြောလိုက်တာလား
လောင်ကုန်း(ယောက်ျား)
လို့ပြောလိုက်တာလား မသေချာ။ရီဖေး အိပ်စင်ကနေခုန်ဆင်းကာ ရှင်းလန် အိပ်စင်နားကပ်သွားလိုက်သည်။
အပေါ်ထပ်ကအိပ်နေတဲ့ ရှင်းလန် မျက်နှာက အရပ်မြင့်တဲ့ ရီဖေး မျက်နှာနဲ့ကွက်တိ နီးကပ်လို့နေသည်။
"ရှင်းလန်....''
ရီဖေး တိုးတိုးလေးခေါ်တော့ ရှင်းလန် ပါးစပ်လေးက လှုပ်နေသည်။
ဘာသံမှတော့ သေသေချာချာထပ်မထွက်လာ။
ရီဖေး ရှင်းလန် မျက်နှာလေးကိုသေသေချာချာစိုက်ကြည့်ရင်းက ဘာသံထပ်ထွက်လာဦးမလဲ နားစွင့်နေမိပေမယ့်
ဟိုလူးဒီလှိမ့်နဲ့ လည်ချောင်းခြောက်လာပုံရတာမို့ ရီဖေး ရေဗူးအမြန်ပြေးယူကာ