ရှင်းလန် ကျောင်းအပ်စဉ်က နေရမည့်အခန်းနံပါတ်ကိုသိထားပြီးသားမို့ ကော်ရစ်တာတစ်လျှောက်အခန်းနံပါတ်တွေကိုလိုက်ရှာနေလိုက်သည်။
"ဟေ့ ဟေ့ နင်ဘယ်အခန်းကိုရှာနေတာလဲ''
ရှင်းလန် အနီး ခပ်သွက်သွက်အော်မေးကာရောက်လာတာက အသံနဲ့မလိုက်အောင်ပုပုညှက်ညှပ်နဲ့ မိန်းကလေးတစ်ယောက်။
ဆံပင်ညိုကောက်ကောက်လေးတွေကို ခပ်မြင့်မြင့်စည်းထားကာ မျက်မှန်ထူထူလေးတပ်ထားသည်။ရှင်းလန်က မရယ်မပြုံး တည်ငြိမ်စွာနဲ့ပဲ
"003 A''
"003 Aလား ငါတို့အခန်းပဲ လာ လိုက်ခဲ့''
ရှင်းလန် ကျောပိုးအိတ်ကိုင်းကိုကိုင်ကာ ထိုမိန်းကလေးနောက်မှ ခပ်မှန်မှန်လျှောက်လိုက်လာသည်။
003 A ဟုရေးထားသော အခန်းထဲတွင် ကျောင်းသူ/သား ဆယ့်ငါးယောက်လောက်ရောက်နေကြပြီ။ဒီကျောင်းကနေပဲအလယ်တန်းပြီးတဲ့
လူဟောင်းဟုထင်ရသူတွေက ဆူညံဗြောင်းဆန်နေကြလျက်၊ရှင်းလန်ကဲ့သို့ တစ်ခြားကျောင်းကအလယ်တန်းပြီးလာသူ လူသစ်ဟုထင်ရသူတွေက ကိုယ့်နေရာမှာကိုယ်ငြိမ်သက်နေကြသည်။"ယွမ်ယွမ် လာပြီ...လာလာ ငါနင့်အတွက်နေရာဦးထားတယ်''
ရှေ့ဆုံးDeskတွေထဲမှ ပြတင်းဘက်ခြမ်းက ခပ်ဝဝပုပုနဲ့ကောင်မလေးတစ်ယောက်က လှမ်းအော်သဖြင့် ရှင်းလန် ရှေ့က ယွမ်ယွမ်ဆိုတဲ့မှန်ကြောင်မလေးက လက်ကာပြကာ
"ခဏလေး ရွှယ်ဟွာ ငါသူ့ကိုနေရာချပေးလိုက်ဦးမယ်''
ယွမ်ယွမ်ဆိုသည့် အသေးလေးက ရှင်းလန်ကို အတီးအတ မနူးမနပ်ဟုထင်နေလားမပြောတတ်။ ဆရာမကြီးစတိုင်လ်နဲ့ ခုံနေရာလိုက်ရွေးနေတာမို့
ရှင်းလန် လည်း အချဉ်ပေါက်ပေါက်နဲ့ ကိုယ်ထိုင်မယ့်နေရာကိုယ့်ဟာကိုယ်အရင်တွေ့အောင်ဝေ့ကြည့်လိုက်သည်။ရှင်းလန်ထိုင်ချင်သည် ပြတင်းပေါက်ဘက်အခြမ်းက နောက်ဆုံးနှစ်ခုံသာလွတ်တာမို့ နောက်ဆုံးရဲ့ရှေ့ကခုံမှာဝင်ထိုင်လိုက်တော့
ရှေ့ဆုံးတန်းအလယ်Deskကို ပုတ်ပြနေသော ယွမ်ယွမ်က