Chapter-13

5.8K 855 28
                                    

ရှင်းလန်အိပ်ယာကမနိုးခင် ရီဖေးပြန်လာခဲ့လိုက်သည်။
ချူ မားက မနက်စာစားပြီးမှသွားဖို့ပြောပေမယ့် စူးစူးနဲ့မနက်စာတစ်နပ်လေးတော့အတူစားပေးဦးမှဖြစ်မှာမို့ ရီဖေးငြင်းလာခဲ့မိသည်။

မနက်စောမို့ ကားပေါ်တွင်လူရှင်းနေသည်။

မပြန်ခင် ရှင်းလန်အခန်းထဲဝင်ကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့ ကောင်လေးကို အတန်ကြာရပ်ကြည့်နေခဲ့တဲ့အကြောင်း ပြန်စဉ်းစားရင်း ရီဖေးရင်ထဲ အမျိုးအမည်မသိဝေဒနာတစ်ရပ်ကလှုံ့ဆော်နေသည်။

ရှင်းလန် က မေကွေ့လားဆိုတဲ့အဖြေကမသေချာသေးတာတောင် ရှင်းလန်နဲ့ထိတွေ့မိတိုင်း ရီဖေးစိတ်လှုပ်ရှားရသည်။
တကယ်လို့ ရှင်းလန်သာ မေကွေ့ဆိုရင် ရီဖေးရဲ့ယခုရုပ်သွင်ကို မမှတ်တောင်မှ အတိတ်ဘဝကအကြောင်းအရာတစ်ချို့ကို မှတ်ကိုမှတ်မိနေရမည်။

ရီဖေးသေဆုံးပြီးပြီးချင်း မေကွေ့ပါသေဆုံးသွားတဲ့အကြောင်း ရီဖေးမှာသက်သေအခိုင်အမာရှိသည်။

ရှင်းလန်က ဘာမှမမှတ်မိတော့ဘူးဆိုရင်တောင် နောက်ဆုံးစစ်ကြည့်ပြီးအတည်ပြုလို့ရတာတစ်နေရာရှိသည်။
ထိုနေရာကသက်သေဟာခိုင်မာရင်တော့ ရှင်းလန်က မေကွေ့ဧကန်ဖြစ်မည်။

ရီဖေးစိတ်ထဲ မေကွေ့ဆိုတာမသေချာသေးပဲ တကယ်လိုလိုလားလား မေကွေ့ ဖြစ်စေချင်နေတာ ရှင်းလန် ကိုပထမဆုံးဖြစ်သည်။
မိမိကိုယ်ကိုယ်လည်းအံ့သြမိသည်။

ဆင်ခြင်သုံးသပ်တတ်တဲ့အရွယ်ကစလို့ မေကွေ့ပေါင်းများစွာနဲ့ ပတ်သတ်ခဲ့ဖူးပေမယ့် ဘယ်သူ့ကိုမှစိတ်လှုပ်ရှားစွာ လိုလားနှစ်လိုမှုမျိုးမဖြစ်ခဲ့ဖူး။
ဆန့်ကျင်ဘက်လိင်မဟုတ်တဲ့ ယောက်ျားလေးတစ်ယောက်နဲ့ကျမှ ရီဖေးစိတ်က ပုံမှန်ထက်ပိုနေမိသည်။

မှတ်တိုင်မှာကားရပ်သည်နှင့် ရီဖေးတို့ တူအရီးနေထိုင်ရာ တိုက်ခန်းရှိသည့်လမ်းမြောင်ထဲ လျှောက်လာခဲ့ရသေးသည်။

ဟောင်းနွမ်းပြီး ခေတ်မမှီတော့သည့် ၃ထပ်တိုက်ခန်းတွဲတွေကိုဖြတ်ကျော်ကာ ရီဖေးတို့နေထိုင်ရာအလယ်ထပ်သို့တက်လာလိုက်သည်။
တစ်ဆက်တည်းဝရန်တာမှာ စူးစူးထုတ်လှမ်းထားတဲ့ ရီဖေးရဲ့ ကျောင်းဝတ်စုံတွေတွေ့တာမို့ ညဘက်အလုပ်ဆင်းရတာတောင် ပြန်ရောက်တာနဲ့အိမ်အလုပ်ကိုအရင်လုပ်တတ်သောဦးလေးငယ်ကို ချစ်ခင်စိတ်ပိုမိသည်။

你是我的(မင်းကငါ့အပိုင်/မင်းကငါ့အပိုင်)Where stories live. Discover now