အတန်းထဲမှာ သမိုင်းဆရာမလာသေးခင် ယွမ်ယွမ်တို့အဖွဲ့ကျိတ်ကျိတ် ကျိတ်ကျိတ်ဖြစ်နေကြသည်။
ရီဖေးက မှောက်အိပ်နေသည်။
ရှင်းလန်က ရီဖေး အကြမ်းရေးပေးထားသည့် ဈေးရောင်းမယ့်အစီအစဉ်ကို အချောသပ်ရေးနေသည်။
ပြီးရင် အတန်းထဲကလူတွေကို ဖတ်ပြကာ တိုင်ပင်ကြရမည်။
စိတ်မပါသောအလုပ်တွေမို့ လုပ်ရတာစိတ်ရှုပ်လှသည်။ယွမ်ယွမ်နဲ့ အတန်းထဲက korea သွေးအနည်းငယ်ပါသော ကျင်းရီတို့နှစ်ယောက် အခန်းထဲက လူတစ်ချို့ထံ ဟိုလူ့နားသွားလိုက် ဒီလူ့နားသွားလိုက်လုပ်ရင်း နောက်ဆုံး ရှင်းလန်နားရောက်လာကြသည်။
ရှင်းလန်က ဟိုနေ့ကဖြစ်ထားတဲ့ပြဿ နာကြောင့် ယွမ်ယွမ့်ကို စကားမပြောချင်ပေမယ့် အမှတ်မရှိတဲ့စပ်စုမက ဘာမှမဖြစ်ခဲ့သလိုပင်။
"ထန်ရှင်းလန်''
"ဘာလဲ''
ရှင်းလန်က မော့မကြည့်ပဲ ပြန်ပြောတော့
"ဟိုလေ..ငါတို့အဖွဲ့က Korea idol show ပွဲလက်မှတ်ရောင်းချင်လို့...''
"နင်တို့ကစီးပွားရေးသမားတွေလား အပျော်လုပ်တာကို မုန့်ပဲသားရေစာနဲ့ စာရေးကိရိယာ ဖန်စီလောက်ပဲရောင်းသင့်တာလေ show ပွဲလက်မှတ်ကတအားဈေးကြီးမှာကို''
"ဈေးကြီးပေမယ့် တို့ကျောင်းမှာကသူဌေးသားသမီးတွေဒီလောက်ပေါတာ..လုပ်ပါဟာ ဒီပွဲက ကျင်းရီတို့အမျိုးကုမ္ပဏီကစီစဉ်တာ သူတို့ပေးတဲ့လက်မှတ်အရေအတွက်အကုန်ရောင်းရရင် ငါတို့အဖွဲ့က freeကြည့်ရမှာ.. ငါတို့အိမ်တွေက ဂျူနီယာတန်းပဲရှိသေးတော့ ဈေးကြီးတဲ့ showပွဲတွေအတွက် မုန့်ဖိုးမပေးလို့ပါ
အခုအတန်းထဲမှာလိုက်မေးကြည့်တော့ ဝယ်မယ့်သူနည်းနေလို့ ဈေးရောင်းပွဲကျမှ စီနီယာတွေကိုရောင်းချင်လို့ပါ ...နောက်ဆုံးနှစ်တွေကကျ အရွယ်ရောက်နေပြီဆိုတော့ ဖြုန်းနိုင်ကြတယ်''ရှင်းလန် ကိုယ့်ဟာကိုယ်မဆုံးဖြတ်တတ်။
ယွမ်ယွမ်တို့လက်ထဲမှ ကြော်ငြာစာရွက်ကိုယူကြည့်မိသည်။
ယွမ်ယွမ် လိုက်ရောင်းနေသည့် Kpop show လက်မှတ်ဈေးက တော်ရုံလူမကပ်နိုင်။
Idolတွေကလည်း တကယ့် Super star အဖွဲ့တွေ။
ရှင်းလန် လည်း ကြည့်ချင်သွားသည်။
ဒါပေမယ့် ဒီလောက်ဈေးကြီးတဲ့အရာမျိုးကို ကျောင်းသားပွဲမျိုးမှာ ရောင်းလို့ရ မရ ရှင်းလန် မသိ။
ဒါကြောင့်