ပထမပိုင်းနှစ်ချိန်ပြီးတော့ ပါလေရာမှန်ကြောင်
ယွမ်ယွမ်က ကျောင်းသား၊သူ အမည်နဲ့ခုံနံပါတ်တွေကိုတွဲလျက် လိုက်မှတ်နေသည်။ရှင်းလန်က ထပ်ရမည့် အိမ်စာကိုပြန်စစ်နေပြီး ငပျင်းကတော့
အခုနက နောက်ကိုလှည့်ကြည့်မိချိန်ကအတိုင်း deskနဲ့ခေါင်းမိတ်ဆတ်နေဆဲဖြစ်မည်။"ဟန်မေကွေ့...''
ရှင်းလန် နဲ့တစ်တန်းတည်းအလယ်နှစ်ခုံတွဲရဲ့ တစ်ခုံမှ အသစ်ဟုယူဆရသော ခပ်လှလှမိန်းကလေးရဲ့နာမည်စာရင်းကိုသွင်းနေရင်းက ယွမ်ယွမ်က အာပြဲကြီးနဲ့ရွတ်ဖတ်ကာ ငပျင်းရှိရာကိုလှမ်းကြည့်တော့ ရှင်းလန်ပါ ငပျင်းထံယောင်ယမ်းကြည့်မိသည်။
နှာဗူးငပျင်းက ဒါမျိုးကျ ခေါင်းထောင်လာကာ ဟန်မေကွေ့ဆိုသော အသစ်မိန်းမလှလေးဘက်စူးစူးရဲရဲစိုက်ကြည့်နေသည်မို့ မိန်းမလှလေးကလည်း တစ်တန်းလုံးမှာ ကြည့်အကောင်းဆုံးဟုထင်ရသော ငပျင်းကိုလှမ်းပြုံးပြနေသည်။
"လာပြန်ပြီ မေကွေ့''(xing lan စိတ်ထဲမှ)
ရှင်းလန် စိတ်မှာကောင်မလေးကိုသနားမိသည်။
ကြည့်ကောင်းတာလေးတစ်ခုပဲ အပေါင်းလက္ခဏာပြကာ၊ကျန်တဲ့နေရာတွေမှာ အနှုတ်လက္ခဏာပြနေသည့်ကောင်နဲ့များ အရောဝင်ချင်နေသေးသည်။ယွမ်ယွမ်က ရှင်းလန်နားရောက်လာကာ ရေးမှတ်စာရင်းသွင်းရင်းက
"ငါလုပ်တာတွေလိုက်ကူသင့်တယ် ထန်ရှင်းလန်''
"ဘာလို့ကူရမှာလဲ''
"နင်ကအတန်းခေါင်းဆောင်ဖြစ်လာမှာလေ..အခုတည်းကလုပ်ပုံလုပ်နည်းတွေလေ့လာထားမှ အဆင်ချောမှာပေါ့''
ရှင်းလန် မေ့နေသောကိစ္စပြန်ဆွလာပြန်သည်။
"ငါကဘာလို့အတန်းခေါင်းဆောင်ဖြစ်ရမှာလဲ..ဒီအတန်းထဲမှာ ကျောင်းသား၊သူ ၂၀ရှိတယ် တစ်ယောက်၊နှစ်ယောက်သဘောနဲ့ဘာမှလုပ်လို့မရဘူး''
"အင်းပါ အင်းပါ''
ယွမ်ယွမ်က မထီတရီပြုကာ နောက်ခုံသို့ချဉ်းကပ်သွားပုံက ရှင်းလန်ကိုပိုစိတ်တိုစေသည်။
ဘယ်လိုကျောင်းမျိုးမှာလာတက်နေမိပါလိမ့်။
"ထန်ရှင်းလန် ကျောင်းအုပ်ကြီးရုံးခန်းကခေါ်နေတယ်''