"ရှင်းလန်..ရှင်းလန်''
ရှေ့မှ အပြေးတစ်ပိုင်းလျှောက်နေသော ရှင်းလန်နောက်သို့ ရီဖေး အမြန်လိုက်ရပြီ။
ရီဖေး လုပ်ရပ်တွေက အလျင်လိုသွားမှန်းသိပေမယ့် ရုတ်တရတ် မထင်မှတ်ပဲလုပ်လိုက်မိတာမို့ ရီဖေးကိုယ့်စိတ်ကိုယ်တောင် ကွန်ထရိုးလုပ်လိုက်ချိန်မရ။
ရီဖေး ရှင်းလန်ဘက်မကြည့်ရဲသေးပဲ ဘယ်လိုပြန်ရင်ဆိုင်ရမလဲစဉ်းစားနေတုန်းရှိသေး
ရှင်းလန်က ရုတ်တရတ်ထပြန်သွားတာမို့ ရီဖေးလည်း တုံ့ဆိုင်းနေလို့မရတော့။အပြင်ဘက်မှာက အမှောင်ထု ကြီးစိုးနေပြီ။
လမ်းမီးရောင်တွေအောက် ရှင်းလန်က တစ်ချက်မှလှည့်မကြည့်သလို ရီဖေးမှာလည်း အဆက်မပြတ်စေရအောက်လိုက်နေရသည်။"ရှင်းလန် နေပါဦး''
ရီဖေး နောက်ကနေ လက်ကောက်ဝတ်လေးကိုလှမ်းဆွဲတော့ ရှင်းလန် က အတင်းခါချသည်။
"လွှတ်စမ်း''
"နေပါဦး ရှင်းလန်ရယ်..ငါတောင်းပန်ပါတယ်''
ကျောင်းသား၊သူတိုင်း ကပွဲရှိရာရောက်နေကြလို့သာတော်တော့သည်။
မဟုတ်ရင် ရီဖေးတို့အဖို့မလွယ်။ရှင်းလန်က ရီဖေးဘက် ဆတ်ခနဲလှည့်လိုက်ကာ
"ကျန်းရီဖေး မင်းငါ့ကိုဘယ်လိုသဘောထားနေတာလဲ
အထင်သေးပြီး ကစားနေတာလား''"ရှင်းလန်ရယ်''
ရှင်းလန် အသံလေးကတုန်ခါကာ မျက်ဝန်းမှာ မျက်ရည်တွေပါဝိုင်းနေသည်မို့ ရီဖေး ရင်ထဲဆို့နစ်သွားသည်။
ရှင်းလန် ကိုယ်လေးကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်မိသည်။
အတင်းရုန်းကန်နေသော်လည်း ရီဖေး လက်တွေက တင်းကြပ်စွာပွေ့ဖက်ထားတာမို့ ရှင်းလန် မထွက်နိုင်ရှာ။"လွှတ်စမ်း..ငါ့ကိုကစားနေတာတွေရပ်တော့ အရူးကောင်ရဲ့
မင်းအခုဘာလုပ်နေတာလဲဆိုတာရော သိရဲ့လား''"ငါမင်းကိုကြိုက်တယ်''
"......''
"ငါ မင်းကိုအရမ်းသဘောကျနေမိပြီ ရှင်းလန်''