ရှင်းလန် အိပ်ယာကနိုးတော့ အရမ်းကိုနွေးနေတာခံစားလိုက်ရသည်။
"ဟင်?''.
ရှင်းလန် မျက်နှာကိုမော့အကြည့်မှာ နှာခေါင်းက မေးချွန်ချွန်တစ်ခုနဲ့တိုက်မိသွားသည်။
"လောင်ထျန်းများငါ့ကိုကျီစယ်လေသလား''
ရှင်းလန် ပါးတွေ နားတွေထူပူကုန်သည်။
လက်နှစ်ဖက်နဲ့တင်းကြပ်စွာအဖက်ခံထားရမှုကိုပြေလျော့စေဖို့ ရင်ချင်းကပ်နေသည့် ရင်ဘတ်ကြီးကို တွန်းရန်ကြိုးစားကြည့်သော်လည်း ကော်နှင့်ကပ်ထားသည့် စက္ကူနှစ်ရွက်နှယ်။
မျက်နှာနှစ်ခုမှ ချွန်ထွက်နေသည့်အရာတွေက ထိကပ်နေပြီမို့ မော့ပင်မကြည့်ဝံ့တော့ပဲ မျက်နှာကို မေ့စေ့အောက် ငုံ့ထားတာမို့ လည်တိုင်ကကိုယ်သင်းနံ့ကို ဝင်သက်တိုင်းမှာရှူရှိုက်နေရသည်။
အပေါ်ပိုင်းက ရုန်းမရတာကြောင့် အောက်ပိုင်းကို လလှုပ်ကြည့်တော့ ခြေထောက်ရှည်ရှည်နှစ်ချောင်းကြား ကြိုးနဲ့ရစ်ပတ်ခံထားရသည့်နှယ် ကျစ်လစ်လို့နေသည်။
"ရီဖေး..ရီဖေး''
ဘယ်လိုမှ မလှုပ်သာတဲ့အဆုံး ရင်ဘတ်ကို မညှာအတာ ထုကာ နှိုးရတော့သည်။
"အင်..ဟင်''
မျက်လုံးအမှေးသားနဲ့ သကောင့်သားက ယောင်ယမ်းငုံ့လာတော့ ရှင်းလန် မေးစေ့ကို လက်ညှိုးနဲ့ထောက်ခံထားရသည်။
"ငါ့ကိုလွှတ်စမ်း...''
"အာ..ရှင်းလန် ဆောရီး''
ရီဖေးက အနည်းငယ်ဖြေလျော့ရန် နောက်နညနည်းအဆုတ်
"အား..ကျွတ်. ကျွတ်..ငါ့ကျော..''
တစ်ညလုံး လက်ရန်းကိုထောက်ထားပုံရသော ကျောကုန်းက အတော်နာနေပုံရသည်။
"မှတ်ကရော..ဒီလောက်ကျဉ်းကျဉ်းလေးကို အရူးထပြီး နှစ်ယောက်လာအိပ်တာကိုး''
ရီဖေးက ရှုံ့မဲ့စွာဖြင့် ရှင်းလန် ကိုဖြေလွှတ်ပေးတော့ ရှင်းလန် အမြန်ထကာ ရီဖေးကိုကျော်ပြီး ဆင်းလိုက်သည်။
ခါးနဲ့တင်ပါးက အောင့်နေတုန်းပေမယ့် အိပ်စင်ကျဉ်းကျဉ်းထက် အရူးကောင်နဲ့ တစ်ညလုံးရှိခဲ့ရတဲ့အခြေအနေကြီးကို ကြက်သီးထလှတာမို့ အမြန်ရှောင်တိမ်းချင်လှပြီ။