Chapter-30

6.2K 964 41
                                    

"ရှောင်ကွမ်း ဒီနေ့တော့ အပြင်မထွက်ပါနဲ့ဦး''

ဦးလေးက အပြင်ထွက်ခါနီး ပြောလာတော့ ရှင်းလန် မျက်နှာငယ်လေးနဲ့ ရီဖေးထံမော့ကြည့်သည်။

ရီဖေးလိုက်မည်ဆိုသဖြင့် ရှင်းလန်က စိတ်ချလက်ချနေနေတာ အမှောင်ပင်ပျိုးနေပြီမို့ ဒီကောင်လေး ပြန်ရဲမယ်မထင်။

"မဖြစ်ဘူး စူးအား..ရှင်းလန်တစ်ယောက်တည်းလွှတ်ရမှာစိတ်မချဘူး''

"ရှင်းလန်အိမ်ကို ကားလာကြိုခိုင်းလို့မရဘူးလား''

"ရပါတယ် စူးအား ကျွန်တော့်ဘာသာပြန်ပါ့မယ်''

ပြောသာပြောသည် ရှင်းလန်မျက်နှာလေးက မကောင်း။
ရီဖေးကတော့ ဘယ်နည်းနဲ့မှရှင်းလန်တစ်ယောက်တည်းလွှတ်မည်မဟုတ်။

"ရီဖေး ပြန်ဖျားမှာစိုးလို့ပါ ရှင်းလန် အပြင်မှာကအေးနေပြီလေ...အိမ်ကိုဖုန်းဆက်ကြည့်လိုက်ပါလား''

ရှင်းလန်က ဖုန်းလေး ထုတ်ကာ သူ့ဖခင်ထံ ဖုန်းခေါ်မည်ပြင်တော့

"ဒါမှမဟုတ် အဆင်ပြေရင် ရှင်းလန် ဒီမှာ အိပ်လိုက်ပါလား''

ရီဖေး လည်း အခုမှ အဲဒီအကြံကိုစဉ်းစားမိသည်။
ရှင်းလန်ထံ ကြည့်လိုက်တော့ ရှင်းလန်ကလည်း ရီဖေးထံမော့ကြည့်လိုက်တာတွေ့ရသည်။

"ဟုတ်သားပဲ ရှင်းလန်...အိမ်ကိုလှမ်းပြောလိုက်ပါလား...''

ရှင်းလန် ကလည်း မငြင်းရှာ။
သူ့အဖေနံပါတ်ကို ရှာလိုက်သည်။

......

ဦးလေးဖြစ်သူ အလုပ်သွားပြီမို့ ရီဖေးတို့ အိမ်ခန်းလေးဝယ် ရီဖေးနဲ့ရှင်းလန်နှစ်ယောက်သာကျန်ခဲ့သည်။

ရီဖေးအနေနဲ့ ရှင်းလန် ဒီအိမ်မှာအိပ်ဖို့ကို သဘောတူလိမ့်မယ်လို့ကိုထင်မထား။
ရှင်းလန်လေး ဘာလို့သဘောကောင်းနေလဲဆိုတာလည်းမမှန်းဆတတ်။

"ရှင်းလန် မင်းအကျီ င်္ကပါးတယ် ငါ့ဆွယ်တာတစ်ထည်ဝတ်ထား''

"ကျေးဇူး''

ထူးဆန်းလှစွာစကားနားထောင်နေပြန်တော့ ရီဖေး နားမလည်နိုင်စွာမရိုးမယွ။
ရီဖေးဆွယ်တာကြီးက ရှင်းလန်ကိုယ်လေးပေါ်မှာ ဖားဖားကြီစဖြစ်နေတာမို့ လက်အိတ်ပင်မလိုအောင် လက်ဖဝါးတွေပါ ဖုံးအုပ်လို့နေသည်။

你是我的(မင်းကငါ့အပိုင်/မင်းကငါ့အပိုင်)Where stories live. Discover now