Part 28

1.4K 245 54
                                    

Unicode

မနက်အစောသာ ရှိသေးသည့်တိုင် တက္ကသိုလ်ကျောင်းဝန်းထဲ ပျားပန်းခတ်မျှ စည်ကားသွားလာနေကြသော အရောင်စုံလူငယ်များဖြင့် ပြည့်နှက်နေသည်။

"အဲ့မှာ အဲ့မှာ ဟိုကောင်တွေ"

ကားထဲကနေ မှန်ကိုထောက်ကာ လက်ညှိုးတထိုးထိုးဖြင့် အော်သော ဘခ်ဟျွန်းညွှန်ပြရာသည်ကား ကျောင်းထဲက ထွက်လာသော ကျောင်းသားသုံးယောက်အုပ်စု။ ဝတ်ပုံစားပုံများအရ အထက်တန်းကျသည့် အသိုင်းအဝိုင်းမှ ဟု ထင်ရသည့်တိုင် မျက်နှာထားများဟာ ချန်းယောလ် မျက်လုံးထဲ အချိုးမပြေ။ လူကဖြင့် ဘာမှမဟုတ်ပါဘဲ မိဘလုပ်စာဖြင့် မာနခေါင်ခိုက် ဘဝင်မြင့်နေသည့် ဂျစ်ကန်ကန်သူဌေးသားဆိုဒ်မျိုးလေးတွေ ဖြစ်သည်။ ချန်းယောလ် မျက်စံတို့ အန္တရာယ်ရှိစွာ မှေးကျဥ်းသွားသည်။

တစ်ဖက်ဘေးခုံက ဘခ်ဟျွန်းကတော့ သတိမထားမိသည့်အလား သက်ပြင်းခပ်ဖျော့ဖျော့ချကာ သူပြောချင်သည်ကိုသာ ဆက်ပြောလာ၏။

"သူတို့ပုံက အေးဆေးပဲ။ ကျွန်ကတော်ကတော့ ပြဿနာရှင်းရဦးမယ်"

ချန်းယောလ်တစ်ချက်စောင်းငဲ့ကြည့်လိုက်သည်။

"ဘယ်လိုရှင်းမှာလဲ မင်း"

"ဟမ် ဘာကိုဘယ်လိုရှင်းရမှာ၊ ဒီအတိုင်းပဲ တောင်းပန်လိုက်ရုံပဲလေ ဒါပေမယ့် ခက်တာက သူတို့က လွယ်လွယ်လွှတ်ပေးမယ့်ပုံ မပေါ်ဘူး၊ ကျောင်းပြီးခါနီးလေးမှ ပြဿနာကတက်ရတယ်လို့ ... စားမေးပွဲကို လာမထိခိုက်ဖို့ပဲ မျှော်လင့်ရမယ်"

မည်သို့ပင် ဆိုစေကာမူ တောင်းပန်စကားသည် လူမြင်ကွင်းရှေ့သာ ဖြစ်ပြီး နောက်ကွယ်ကတော့ ဘခ်ဟျွန်းကအများကြီး နှပ်စက်ခံရမည်သာ။ သို့မဟုတ်လည်း ခိုင်းဖက်ပေါ့။ ချန်းယောလ်ရှေ့ဆို တိုင်ပြောချင်သည့်စိတ်ကို ထိန်းမရသည်ကြောင့်သာ အားပါးတရညည်းမိနေတာ၊ မိမိအား စိတ်ပျက်သွားမည်ကိုတော့ စိုးရိမ်မိသည်ပင်။

ချန်းယောလ်ဘာမှပြန်မပြော။ လေထုကတော့ သိသိသာသာ တင်းကျပ်နေသည်။ ဘခ်ဟျွန်းကတော့ စကားတပြောပြောနှင့် ပြုံးရယ်နေကြသည့် ထိုစီနီယာအုပ်စုထံ၌သာ အာရုံရောက်နေသည်မို့ သတိမထားမိ။

The LOEYDonde viven las historias. Descúbrelo ahora