[ Unicode ]
ဘခ်ဟျွန်းမျက်စိရှေ့တွင် စာအုပ်အပုံလိုက်ရှိသည်။ သူ ဤနေရာတွင် ထိုင်နေသည်မှာ နာရီဝက်မျှ ရှိလောက်ပြီဖြစ်သော်ငြား ထိုဒါဇင်ခန့် စာအုပ်ပုံကြီးထဲက တစ်အုပ်ကိုမျှ မထိရသေး။ မျက်စိရှေ့တွင်တော့ ဖွင့်လျက်သား စာအုပ်တစ်အုပ်ကိုချထားပြီး အကြောင်းအရာများက နေအဖွဲ့အစည်းနှင့်ပတ်သက်သမျှ ဖြစ်သည်။ လက်စဖြတ်ရန် ကျန်ရှိနေသည့် ကျောင်းစာများကို အပြတ်မရှင်းဘဲ လွတ်လပ်နေသည့်အချိန်လေးအတွင်း အချောင်ခိုနေခြင်းသာဖြစ်ပါ၏။
ချန်းယောလ်သည် အိမ်တွင်မရှိ။ ကုမ္ပဏီ၌ အရေးကြီးကိစ္စတစ်ခု ကိုယ်တိုင်ကိုင်တွယ်စရာရှိသည်ဆိုကာ အလျင်စလိုထွက်သွားသည်မှာ မနက်ကတည်းက။ ယခုတော့ နေ့လယ်မွန်းတည့်နေပြီဖြစ်သည့်တိုင် ပြန်လာမည့်အရိပ်အယောင် မပေါ်သေးသည်မို့ စိတ်ချလက်ချပင် စာဆက်ဖတ်နေလိုက်သည်။
ပုံမှန်ခါတိုင်းအချိန်များဆိုလျှင် ချန်းယောလ်သည် သူ့အား အလေလိုက်ခွင့်မပေးသော်ငြား ယခုရက်ပိုင်းများတွင် ချန်းယောလ်အလုပ်ရှုပ်နေပုံနေသည်မို့ သူ့ထံအာရုံမစိုက်နိုင်ရှာသေး။ ထို့ကြောင့် ဘခ်ဟျွန်းလည်း နဂိုတည်းက စာမလုပ်ချင်သောစိတ်ကြောင့် လေနေသည်မှာ ရက်သတ္တပတ်မျှမကတော့ပါချေ။
လက်ရှိဖတ်ရှုနေသည့်အကြောင်းအရာကလည်း နေအဖွဲ့အစည်း၏ အကျော်ကြားဆုံးတိုက်ပွဲပါ အချက်အလက်တို့ဖြစ်သည်။
"တိုက်ပွဲက ဘယ်လောက်ကြီးမားပြီး ဘယ်လောက်ကြောက်ဖို့ကောင်းတယ်ဆိုတာတွေချည်းပဲ ထပ်တလဲလဲ ရေးထားတယ်၊ ဘာလို့ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကျမပါဘူး"
ဘခ်ဟျွန်း၏ စကားအား တစ်စုံတစ်ယောက်က တုန့်ပြန်လာ၏။
"ကြင်ရာတော်ကိုထိလို့ဖြစ်တာလေ၊ ဒါလေးတောင်မသိဘူးလား။ စောင့်ရှောက်သူတစ်ပါးရဲ့ ဒေါသက သူ့ကြင်ရာတော်အပေါ်ပဲ အမြဲမူတည်နေတာဆိုတာ လူတိုင်းသိတယ်"
ထုံးစံတွေထဲက ထုံးစံအတိုင်း၊ ပြစ်တင်စကားဟာလည်း မပါမဖြစ်။ စိတ်ထဲကနေ ပြောခြင်းမဟုတ်တော့ဘဲ အပြင်တွင်အသံထွက်ပြောဆိုလာနိုင်သည်အထိ ထိုဓားက တဖြည်းဖြည်းအဆင့်မြင့်လာ၏။ ပစ္စည်းတစ်ခုက တစ်နေ့ပြီးတစ်နေ့ upgrade လုပ်နေသကဲ့သို့။

VOCÊ ESTÁ LENDO
The LOEY
Fanficတောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတရားဖြစ်ပြီး စောင့်ရှောက်သူက ထိုသဘာဝတရားကို ထိန်းညှိသည်။ [ ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာဖြစ်၏။ ] ~ ...