[ Unicode ]
"ကျွန်တော် အဆောင်နေရင် ကောင်းမလား"
ဘခ်ဟျွန်းထံမှ ထွက်လာသော စကားကြောင့် ချန်းယောလ် သက်ပြင်းတစ်ချက် ခပ်ဖွဖွချမိသည်။ ဒီကောင်လေး ထိုသို့ပြောနေသည်မှာ တစ်ပတ်မကတော့ချေ။ ယခုလည်း မျက်စိရှေ့က စာရင်းဇယားတွေကနေ အကြည့်လွှဲကာ လှည့်ကြည့်လိုက်တော့ စာအုပ်စားပွဲပေါ်မှာ မေးတင်လျက် ပျင်းရိနေသည့်နှယ်။ မျက်စိရှေ့တွင်လည်း အာလူးကြော်တွေထည့်ထားသော မုန့်ဗူးတစ်ခုအား ချထားလျက်။ ပြောပေါင်းများနေသည့်စကားပေမို့ ချန်းယောလ် ဘာမှမတုံ့ပြန်သည့်အခါ ဘခ်ဟျွန်းကထပ်ပြောလာ၏။
" ကျွန်တော့်အဖြစ်က မိဖုရားနန်းဆောင်တွေထဲက မထွက်ဘဲ တစ်နေကုန်အပျော်ကြူးနေတဲ့ ဘုရင်တွေကို အခုမှ စာနာနိုင်လာသလိုပဲ၊ ဘာစာမှမလုပ်ပြီးဘူး"
ချန်းယောလ် မျက်မှောင်ကြုတ်သွား၏။
"စာလုပ်ဖို့ နေရာရွေးနေစရာလိုသေးလို့လား"
ဘခ်ဟျွန်းစူပုပ်ပုပ်အသံက ချက်ချင်းလိုက်ပါလာ၏။
"လိုတာပေါ့ မျက်စိရှေ့ခင်ဗျားကိုမြင်နေရရင်ကို ဘာမှမလုပ်နိုင်တော့ပါဘူးဆို"
ထိုစကားက ချန်းယောလ်ကိုလည်း မှင်သေသွားစေသည်။ အမှန်ပင်၊ ထိုကောင်လေးသည် ထိန်းချုပ်၍မရတော့ချေ။ ယခင်ရက်ပိုင်းများက မအားလပ်၍ အလေလိုက်နေသည်ကို သိသည်မို့ ယခုရက်ပိုင်းများတွင် စောင့်ပေးသော်ငြား ဘခ်ဟျွန်းသည် တည်ငြိမ်အေးချမ်းနေသော လေထုကိုပင် ညစ်ညမ်းသွားအောင် ပြုမူနိုင်သော အဆိုးအဆာလေးဖြစ်၏။ ချန်းယောလ်က စာပြပေးသည့်အခါ၊ အစပိုင်းများတွင် နားထောင်သယောင် ခေါင်းလေးတညိတ်ညိတ်လုပ်နေသော်ငြား အချိန်တစ်ဝက်ကျိုးသည်နှင့် ချန်းယောလ်အား တို့ကနန်းထိကနန်း လုပ်ကာ နောက်ဆုံးတက်ဖိတော့သည်မို့၊ ချန်းယောလ်ဆိုသည်ကလည်း နဂိုတည်းက အရွက်စားသတ္တဝါမဟုတ်ပါချေ။ ဤသို့ဖြင့် တဖြည်းဖြည်း လက်လွန်လာသည်မှာ နောက်ဆုံးထိန်းမနိုင်သိမ်းမရ ညစ်ညမ်းသောလေထုနှင့် အဆုံးသတ်ရသည်သာ များ၏။
သို့ဖြစ်၍ မျက်စိရှေ့မြင်နေရသည်ကား အဆင်မပြေဟုဆိုသောကြောင့် ဘခ်ဟျွန်းစာလုပ်နေချိန်တွင် ချန်းယောလ်လည်း စာကြည့်ခန်းထဲတွင် မိမိလုပ်စရာရှိသည်များကို လုပ်နေတတ်သည်။ သို့တိုင် သိပ်ပြီးထူးခြားမနားသာ။ တစ်နေရာထဲတွင် ရှိနေသည်ကို သိနေသောစိတ်က ဘခ်ဟျွန်းအား သူ့အခန်းထဲထိ လိုက်လာစေသည်။ စာလုပ်ဖြစ်လျှင်တောင် နာရီဝက်၊ တစ်နာရီမျှသာ။ ပြီးလျှင် အခန်းထဲဝင်လာပြီး လွမ်းလို့ ဆိုကာ ကပ်ချွဲလိမ့်မည်ဖြစ်သည်။ ချန်းယောလ်လည်း တကယ်ကို မနိုင်ချေ။

VOCÊ ESTÁ LENDO
The LOEY
Fanficတောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတရားဖြစ်ပြီး စောင့်ရှောက်သူက ထိုသဘာဝတရားကို ထိန်းညှိသည်။ [ ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာဖြစ်၏။ ] ~ ...