Unicode
နွေးထွေးသော ရပ်ဝန်းအတွင်းလွှမ်းခြုံခံထားရသည့်တိုင် အမျိုးအမည်မသိသော နာကျင်မှုတစ်စုံဟာလည်း သူ့ခန္ဓာကိုယ်တစ်လျှောက် ကူးလူးဖြတ်သန်းနေပါ၏။ နာကျင်မှုကြောင့် ငိုရှိုက်သံတွေ ပါလာသော်ငြား တစ်ဖက်လူသည် နှုတ်ကခပ်တိုးတိုး ချော့မြူသံကလွဲ၍ လက်ဆကိုလျှော့မပေး။
အရှင်လတ်လတ် မီးမြှိုက်နေသကဲ့သို့ နာကျင်မှုမျိုးဖြစ်သည့်တိုင် သူ့တွင်ရုန်းကန်၍မရ။ လက်မောင်းတွေကြား ထွေးပွေ့ခံထားရသော ဘခ်ဟျွန်းက ချန်းယောလ်လက်မောင်းတွေကိုတော့ မည်သို့မှ မတော်လှန်နိုင်ချေ။
"နာ ... နာတယ်"
ရင်ဘတ်က အင်္ကျီစကိုဆွဲဆုပ်လျက် ကယောင်ကတမ်းတွေ မြည်ကြွေးနေသော ဘခ်ဟျွန်းအား နာကျင်မှုသက်သာစေရန် ကြိုးစားသော်ငြား အဆိပ်ထုတ်သည့်ဝေဒနာက ပိုပြင်းထန်သည်မို့ မသက်ရောက်လှ။
"ခဏလေးပဲ ပြီးသွားလိမ့်မယ်နော်"
နားထဲထပ်ခါတလဲလဲ တိုးဝင်လာနေသည့် အသံက ခပ်နက်နက် ဖြစ်သည့်တိုင် ဘခ်ဟျွန်းကို စိတ်လုံခြုံမှုလည်းပေးသည်။
"လိမ္မာတယ်"
ထိုစကားအဆုံးတိုင်းမှာ ပိုမိုပြင်းထန်လာသော ဘခ်ဟျွန်းဝေဒနာဟာ အဆုံးအစမဲ့သည်။ သေလုမြောပါးဖြစ်သည်အထိ နာကျင်နေသည့်တိုင် လျော့ပါးမသွားသော အပူဓာတ်တွေအောက်မှာ ဘခ်ဟျွန်း ဘယ်နှကြိမ်မြောက်မှန်းမသိစွာ ထပ်မံသတိလစ်ရပြန်၏။
___
နူးညံ့သောအထိအတွေ့ဟာ ဘခ်ဟျွန်းအောက်မှာ ဖြစ်သည့်တိုင် ဘခ်ဟျွန်းခန္ဓာကိုယ်ဟာ အနည်းငယ် မသက်မသာဖြစ်နေ၏။ စူးရှသော နေရောင်အထိအတွေ့ကို ခံစားမိသည်ကြောင့် အလိုမကျစွာ လူးလိမ့်မိလိုက်တော့ သူ့ခန္ဓာကိုယ်ဟာ တစ်ဖက်သူ၏ ဆွဲယူမှုအောက် ကျရောက်သွားပြီး သိမ်းကြုံးဖက်ခံလိုက်ရသည်။
အိပ်ချင်မူးတူး မျက်လုံးဖွင့်ကြည့်လိုက်တော့ ရင်အုပ်အကျယ်ကြီးနှင့်တိုးသည်။ လက်မောင်းတွေကြားထဲမှာဖြစ်၍ မျက်နှာကို မော့ကြည့်၍မရသည့်တိုင် ဒါ သူနှင့်မစိမ်းသည့် အမျိုးသားမှန်း တန်းသိလိုက်သည်။

YOU ARE READING
The LOEY
Fanfictionတောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတရားဖြစ်ပြီး စောင့်ရှောက်သူက ထိုသဘာဝတရားကို ထိန်းညှိသည်။ [ ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာဖြစ်၏။ ] ~ ...