[ Unicode ]
သူ၏အစီအစဥ်သည် အောင်အောင်မြင်မြင်ပင် လူတိုင်းအား လှည့်စားနိုင်ခဲ့သည်။ သိပ်ပြီးတော့ မခက်ခဲသည့်တိုင် သွေးစကားပြောသည့် ဂျောင်ဝူး၏ကလေးကတော့ အလွန်တရာမှ ဆိုဆုံးမရခက်သည်ပင်။
ဂျောင်ဝူးသည် အမြဲဆိုးသွမ်းနေတာမဟုတ်သည့်တိုင် သူ့လာထိလျှင်တော့ ငြိမ်ခံမနေတတ်သလို သူ၏သားဖြစ်သူကတော့ နှစ်ဆပိုဆိုးသည်။ ဒေါသလည်းကြီးသလို အလွန်လည်းမောက်မာသည်။ သူ့အမေနှင့်တစ်ပုံစံတည်း တူသည်များလားဟု တွေးမိစေသည်အထိ။
အကြည့်ကအစ၊ အကျင့်စရိုက်တွေအဆုံး။
"အဖေ ... ကျွန်တော် မနက်ဖြန် အနောက်ဖက် တောထဲသွားကြည့်ချင်တယ်"
သူ့ကိုအဖေဟု ခေါ်ဝေါ်နေသော .. ဂျွန်းဟို၏သွေးသား ...၊ သူ၏အမည်ခံသား။ မျိုးရိုးကိုမပြင်ချင်သည့်အားလျော်စွာ သူ့အမျိုးသမီး၏ ပတ်မျိုးရိုးနှင့်ကိုက်ညီနေသည်မို့ သံသယဝင်စရာသည်ကား နိတ္ထိ။
ဂျွန်းဟိုအကြည့်ကိုပင့်တင်လိုက်တော့ သူ့မျက်စိရှေ့မှာ ရပ်နေသော မြှီးကောင်ပေါက်အရွယ် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ မျက်ဝန်းများက စိမ်းတောက်နေပြီး သူ့မျက်ဝန်းထဲကို မျက်တောင်တစ်ဖျက်မခတ် စိုက်ကြည့်နေပုံက သိပ်ကိုတူလွန်းလှသည် ... ဂျောင်ဝူး၏ အကြောက်အလန့် မရှိတတ်ပုံများနှင့်။
"မင်းအဆင့်ကိုရော မင်းသိရဲ့လား ဘယ်နေရာကထွက်လာတဲ့ ယုံကြည်ချက်တွေနဲ့ သွားမှာလဲ"
သူ့အင်အားနှင့်ပတ်သက်ပြီး နှိမ့်ချပြောဆိုလာတိုင်း ထိုကလေး ဒေါသထွက်တတ်တာ ဂျွန်းဟိုသိသည်။ တမင်ဆွပေးနေခြင်းတစ်ဖြစ်လည်း သိသိသာသာ မြောက်ကြွနေသည့်သွေးသားကို ဖိနှိပ်နေခြင်းဖြစ်သည်။ ထိုကလေးကတော့ အံကြိတ်သွားသည့်တိုင် လက်မလျှော့ချင်သည့်နှယ် ဆက်ပြောလာ၏။
"အဲ့လိုအဆင့်သတ်မှတ်နေမယ့်အစား တောထဲသွားကြည့်ပြီး အတွေ့အကြုံသစ်ယူတာ ပိုမကောင်းဘူးလား"
၁၀ နှစ်သား ပါးစပ်ကထွက်လာသည့် စကားပါတဲ့။
"ကောင်းပြီ မေးပါဦးမယ်၊ ဒီလိုလျှောက်အလေလိုက်နေပြီးမှ အရည်အချင်းစစ်ပွဲမှာ ငါသတ်မှတ်ထားတဲ့အဆင့်ကို မရောက်ခဲ့ရင် စံအိမ်ထဲမှာပဲ ၄ နှစ် အကျယ်ချုပ်.... မင်းနေမလား"

YOU ARE READING
The LOEY
Fanfictionတောတောင်ရေမြေတို့၏ သဘာဝတရားသည် စောင့်ရှောက်သူနှင့် ကြင်ရာတော်အပေါ် မူတည်၍ဖြစ်တည်သည်။ ကြင်ရာတော်၏စိတ်သည် သဘာဝတရားဖြစ်ပြီး စောင့်ရှောက်သူက ထိုသဘာဝတရားကို ထိန်းညှိသည်။ [ ဤဇာတ်လမ်းတွင် ပါဝင်သော အကြောင်းအရာများသည် စိတ်ကူးယဥ်ဖန်တီးမှု သက်သက်သာဖြစ်၏။ ] ~ ...