Part 43

1.8K 256 49
                                    

[ Unicode ]

စံအိမ်အတွင်း။

အလင်းရောင်မထိုးဖောက်နိုင်သည့်နှယ် မှောင်မိုက်နေသော အခန်းတွင်း တစ်ခုတည်းသော မီးရောင်သည်ကား နံရံထက်ရှိဖယောင်းတိုင် တချို့သာ။ ဝင်လာသည့်သူတိုင်းကို စိတ်အားမှိုင်းညို့သွားစေနိုင်သည့် အရှိန်အဝါကိုပေးနေပြီး တစ်နေရာတွင် ထိုင်နေသော လူတစ်ယောက်ကြောင့် ပို၍ပင် အခန်းတွင်းအေးစက်စက်နိုင်နေသယောင် ခံစားရစေ၏။

ထိုလူသည် မျက်ဝန်းပြာများဖြင့်။

လက်ထဲရှိ ဖုန်းသည် ကျသွားပြီဖြစ်ပြီး တတီတီမြည်သံတို့ ထွက်ပေါ်နေသည့်တိုင် သူ့နားနားကပ်ထားသည်ကနေ မခွာမိသေး။ ချန်းယောလ်၏ လေသံအရ အလွန်တရာမှ ဒေါသထွက်နေသည်ကို ဖုန်းထဲကနေပင် ခံစား၍ရနေသည်မို့ စက္ကန့်တချို့ကြာသည်အထိ မင်သက်ကြောင်အနေရာမှ သူခပ်ဖွဖွရယ်မိ၏။

အကြောင်းပြချက်တဲ့လား။

ခေါင်းခါယမ်းမိပါ၏။ လုံလောက်သည်ထက်ကို ပိုနေသေးသည်မို့ တုန်လှုပ်မှုမရှိသည့်တိုင် သက်ပြင်းတော့ ခပ်သာသာချမိသည်က အမှန်။

နောက်ဆုံးတော့ သိသွားခဲ့ပြီပဲ ...

စိတ်ထဲကျေနပ်မှု တစ်စွန်းတစ်ကိုလည်း ခံစားရမိသည့်တိုင် စိုးရိမ်စိတ်ကဝင်လာ၏။ ချန်းယောလ်၏ ဒေါသသည် ကြင်ရာတော်နှင့်ပတ်သက်လာတိုင်းမှာ ပြင်းထန်နေနိုင်သည်။

အချိန်တိုင်းလိုလို ဖြစ်ပေါ်နေသည့် ဩဇာအရှိန်အဝါတို့သည်ကလည်း ဆင်တူလှပါ၏။ ထိုမျိုးနွယ်တွေနှင့် ...။

သူ့အတွေးတို့ဆုံးခန်းမတိုင်ခင်မှာပင် အခန်းတံခါးကို တစ်စုံတစ်ယောက်က တွန်းဖွင့်ဝင်လာသည်။ တံခါးခေါက်ခြင်းမရှိသလို၊ အသိပေးချက်လည်းမပြု။ ဤအတိုင်းသာ ဖွင့်ဝင်လာသူသည်ကား အဘိုးအိုတစ်ယောက်။ အိမ်တော်ထိန်း တစ်နည်း၊ ဘဏ္ဍာထိန်းဖြစ်၏။

ခန့်မှန်းပြီးသားမလို့ ဆယ်ဟွန်းခပ်ဖွဖွပြုံးမိလိုက်သည်။

"သူသိသွားပြီ"

ဆယ်ဟွန်းထံမှ လေသံခပ်အေးအေးက အေးစိမ့်နေသောအခန်းတွင်း တိုးဖွဖွဖြတ်သန်းသွားသည့်နောက် ထိုအဘိုးအိုထံမှ သက်ပြင်းရှိုက်သံသည် အခန်းတွင်းပျံ့နှံ့သွားတော့၏။

The LOEYWhere stories live. Discover now