Part 3

2.1K 334 55
                                    

Unicode

Baekhyun မျက်မှောင်ကြုတ်လျက်သားပင် အခန်းထဲ ဖြည်းဖြည်းချင်း ဝင်လာလိုက်သည်။ ပြတင်းပေါက်ကလည်း မနက်ကအတိုင်း ပိတ်ထားဆဲ။ ထိုင်နေသည်ကလည်း မနေ့ကအတိုင်း စာအုပ်အပြည့်ဖြင့် စားပွဲပေါ်တွင် တထေရာတည်း။

သံသယအကြည့်နှင့်ပင် စားပွဲရှေ့ တင်ပျဉ်ခွေဝင်ထိုင်လိုက်သည်။ လက်လှမ်းကာ ပြတင်းပေါက်ဖွင့်ပေးပြီးသည်နှင့် ကြောင်နက်ကို ကြည့်ကာ မျက်ခုံးပင့်ပြလိုက်သည်။ မနေ့ကအတိုင်း ထွက်လိုထွက်ငြား ဖွင့်ပေးထားခြင်း ဖြစ်သော်ငြား baekhyun ကို စိုက်ကြည့်နေရုံကလွဲ၍ ကျန်တာမတုံ့ပြန်။ ဂရုစိုက်မနေဘဲ အကြည့်လွှဲကာ ပြတင်းပေါက် ဆက်ဖွင့်ပေးထားပြီး ထိုနေရာမှ ထလာလိုက်သည်။

အပေါက်ဝတွင် ပစ်ချထားခဲ့သည့် ကြွပ်ကြွပ်အိတ်ထဲမှ ခေါက်ဆွဲတစ်ဗူးထုတ်ကာ အနောက်ဘက်ထဲ ဝင်လာလိုက်သည်။လိုသလောက် ရေအနည်းငယ်ကို ရေနွေးအိုးအသေးလေးထဲ ဖြည့်ပြီးသည်နှင့် တည်ထားလိုက်သည်။ ထို့နောက် ခေါက်ဆွဲဗူးကိုဖောက်ကာ ပြင်ဆင်ထားပြီးသည်နှင့် အင်္ကျီလဲရန် အတွေးနှင့်အတူ ထွက်လာလိုက်သည်။

တစ်ခန်းလုံးကို နေရာအကန့်လေးတွေ ခွဲထားခြင်းမရှိသည်မို့​အရှေ့နှင့်အနောက် ဟူ၍လည်း တသီးတသန့်မရှိ။ အခန်းတွင်း ဝင်ဝင်ချင်း ဘယ်ဘက်ခြမ်းတွင် စင်တစ်ခုရှိမည်ဖြစ်ပြီး ညာဘက်ခြမ်းတွင် မီးဖိုချောင်ရှိခြင်းဖြစ်သည်။ ကျဉ်းသည်ထင်ရသော်ငြား တစ်ယောက်တည်း နေသည့်သူအဖို့တော့ လုံလုံလောက်လောက် ကျယ်ဝန်းသည်ပင်။ အင်္ကျီကြယ်သီး အကုန်ဖြုတ်ပြီးသည်နှင့် ဆွဲချွတ်ကာ တီရှပ်အပါးတစ်ထည်လေး ကောက်စွတ်ထားလိုက်သည်။ ဘောင်းဘီကတော့ လွတ်လွတ်လပ်လပ် အတိုဝတ်နေကျဖြစ်သော်ငြား ဖွင့်ထားသော ပြတင်းပေါက်ကြောင့် လေစိမ်းတိုက်နေသည်မို့ အရှည်သာဝတ်ထားလိုက်သည်။

ပြတင်းပေါက်ဆိုမှ သတိရ၍ လှည့်ကြည့်မိတော့ တုပ်တုပ်မလှုပ် ထိုင်နေဆဲ ကြောင်နက်ကိုတွေ့ရပြန်သည်။ baekhyun ကို အကြည့်လွှဲကာ မျက်လုံးကို အေးဆေးသက်သာပိတ်ထားသည်။ သက်ပြင်းတစ်ချက်သာချရင်း ဆူနေပြီဖြစ်သော ရေနွေးအိုးကို မီးပိတ်ရသည်။ ထို့နောက် ခေါက်ဆွဲဗူးထဲလောင်းထည့်ကာ အဆက်မပြတ်မွှေပေးရင်း စားပွဲပေါ်သယ်လာလိုက်သည်။ ထို့နောက် စာအုပ်တွေထုတ်သည်။ ဖုန်းကိုထုတ်စစ်သည်။ စာလုပ်နေရင်း စားသည်မို့ အရသာကောင်းမကောင်း သိပ်ဂရုမစိုက်ဖြစ်။

The LOEYМесто, где живут истории. Откройте их для себя