Episode -1 / Unicode

8.4K 284 6
                                    

Episode 1
🍁လမ်းခွဲ🍁

🍁
🍁
🍁

" သူက မေ့ချစ်သူလေ ကိုကြီး။  နာမည်က ဂျူရိပ်တဲ့ "

" ဘေဘီ့ရဲ့တစ်ဦးတည်းသောကိုကြီး တန်ခူးမို့လားဗျ "

မိတ်ဆက်ပေးသည်အထိမစောင့်ဘဲ ကြားဖြတ်ဝင်ပြောပြီး လက်တစ်ဖက်လှမ်းပေးလာသည်က စိတ်မရှည်သူဖြစ်ကြောင်း ဖော်ညွှန်းပြသလို တဇွတ်ထိုးဆန်ကြောင်းလည်း သိစေချင်သည့်ပုံမျိုး။

" အာ....ကျွန်တော့်လက်ကလေး "

မြင်နေရသောအရိပ်ကလေးကို လက်ကမ်းဖို့ရာ ကျွန်တော်ဟာ မေ့လျော့နေခဲ့သည်။
တန်ပြန်လာသည့်အကြည့်စူးစူးဟာလည်း ကျွန်တော့်ရင်ကို အခါခါထိုးစိုက်နေခဲ့၏ ။

" ကိုကြီးတို့ စကားပြောနေလို့ဖြစ်တယ်မလား ။ မေ သူငယ်ချင်းတွေဆီ သွားအုံးမလို့"

" သွားလေ ဘေဘီ ။ ကိုယ်တို့ စကားပြောလို့ဖြစ်ပါတယ် နော့်...ကို..ကြီး"

နောက်ဆုံးစကား ၃ လုံးတွင် သိသိသာသာလျော့နည်းအားပျော့သွားဟန် လေသံမျိုး။
ထို့နောက်တွင်တော့  အဖြူရောင်ဂါဝန်ရှည်လေးမကာ ထွက်သွားလေသောမွေးနေ့ရှင်မလေး။
သူမလေးက ကျွန်တော့်ရဲ့တစ်ဦးတည်းသောညီမလေး
မေဖူးခတ်ပင်။

" တွေ့ရတာ ဝမ်းသာပါတယ် ခူး"

ကြောင်အငြိမ်သက်နေသော ကျွန်​တော့်ရဲ့လက်တစ်ဖက်ကို ဆတ်ခနဲဆွဲယူဆုပ်ကိုင်လိုက်ပြီးပြောလာဟန်က သိပ်ကိုရဲတင်းလွန်းစွာ။

" ကိုယ်တော့ ဝမ်းမသာဘူး ဂျူရိပ်"

သူ့လက်ထဲရောက်ရှိနေသည့်လက်ကို ဆောင့်ခနဲရုန်းခါပစ်လိုက်ကာ ပြောမိသည့်စကားက အေးစက်စက်။

" မင်းက ကိုယ့်ညီမလေးရဲ့ချစ်သူမလို့ ကိုယ့်ကို ခူးလို့မခေါ်နဲ့ ။ သူကြားသွားရင် မကောင်းဘူး"

မျက်နှာကို လွှဲပြီး ရှေ့ကကောင်လေး၏အကြည့်တွေကို ရှောင်ဖယ်ပစ်လိုက်သည်။
ဟက်ခနဲ ရယ်လိုက်သံကိုကြားလိုက်ရချိန် ကျွန်တော့်နှလုံးသားနေရာက ကျင်ခနဲ။

နှလုံးသားက အခုထိ သူ့ကို နေရာပေးထားခဲ့တုန်းပဲထင်ပါရဲ့..

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ