Episode - 3
🍁 လမ်းခွဲ 🍁
🍁
🍁
🍁အားလပ်နေသည့် ရုံးပိတ်ရက်တွေကို ကျွန်တော်သဘောမကျ။
အလွမ်းတွေနှင့်သာ ပျင်းရိစရာကောင်းလောက်အောင် အချိန်ကုန်ရသည်မို့။ကျောင်းပြီးကတည်းက ကုမ္ပဏီတစ်ခုပြီးတစ်ခုမှာ အလုပ်ဝင်ပြီး အေးဆေးစွာရှင်သန်ခဲ့သည်။
အမေဆိုသောအမျိုးသမီးပိုင်ဆိုင်သည့် ကုမ္ပဏီတွေမြောက်မြားစွာပေါပေမဲ့လို့ ကင်းရှင်းသောအခြေအနေကို ကျွန်တော်ကိုယ်တိုင်ကပဲ ရွေးချယ်ခဲ့သည်။ကျွန်တော်နှင့်၂ နှစ်သာကွာသော ညီမလေးသည်လည်း ဘွဲ့ရပြီးပြီမို့ ကျွန်တော်မုန်းသောအမျိုးသမီး၏နေရာကို ဆက်ခံနေသူလေးတောင် ဖြစ်နေပြီမှာ ကာလအတော်ကြာခဲ့ပြီ။
သားကြီးဖြစ်သည့် ကျွန်တော်ကသာ မိသားစုကိုပစ်ထားခြင်းနှင့် အကျွမ်းဝင်ခဲ့သူမို့ ထိုအရာများအားစိတ်ဝင်စားဟန်ဆောင် မပြမိခဲ့။
ပြီးတော့ မိသားစုဆိုသည့်အရိပ်အမြုံဟာလည်း ကျွန်တော့်ကိုစွန့်ထားပြီးပြီမဟုတ်ပါလား? ညီမလေးတစ်ယောက်သာလျှင်...။ကျွန်တော်မုန်းသောအမျိုးသမီးအတွက်တော့ ကျေနပ်စရာပဲပေါ့။
အစကတည်းက သူမအားကိုးတာ ညီမလေးတစ်ယောက်ပဲရှိတာမို့။မလှပသောအကြောင်းအရာတွေကို တွေးတောနေခြင်းမှရပ်ပြီး တစ်နေရာကိုသွားဖို့ပြင်ဆင်လိုက်သည်။
ထိုနေရာကမလာတော့ဘူး ပြောပြီး မကြာခဏသွားနေမိတဲ့ နေရာ
ကဗျာတွေ သီဖွဲ့လို့ကောင်းတဲ့ နေရာ
နာကျင်ခြင်းတွေ သီကုံးလို့ကောင်းတဲ့ နေရာ
ဝမ်းနည်းပေမဲ့လဲ ပျော်ရွှင်ရတဲ့နေရာ။🍁🍁🍁🍁🍁🍁🍁🍁🍁
အဝေးကြီးကို ငေးနေတဲ့ ကိုယ့်ရဲ့စိတ်ဟာ
အဝေးကြီးမှာ....လွင့်နေခဲ့တယ်
ဖမ်းဆုပ်ဖို့ လက်လှမ်းမိတဲ့အခါ...
ကိုယ့်ရဲ့ လက်ဟာ လေဟာနယ်ထဲ ဝဲလို့သွားတယ်..
မျောလွင့်နေတဲ့ တိမ်တွေကို အဖော်ပြုပေးချင်တယ်..
သူတို့လဲ အထီးကျန်တတ်မှာပဲ...
တစ်ကိုယ်တည်း ဖြစ်တည်ရတာ ပင်ပန်းလွန်းတဲ့အခါ
မျှော်လင့်ဖို့ အတွက်...လှမ်းဆွဲကြမှာပဲ...
ကိုယ့် ဖြစ်တည်မှုကို မေ့ပြီး...သူ့အတွက်ပဲ
အရာရာ စဥ်းစားပေးနေတဲ့သူတွေလဲ....ရှိတယ်...
လက်တွေ မြဲ မမြဲ မသိချင်တော့ဘူး...
သူ့အတွက်ဆို...ဖြစ်တယ်..နာကျင်ရလဲပေါ့
ကြယ်တွေကိုလဲ သနားတယ်...
လူတစ်ယောက်စီ ပျော်ရွှင်ဖို့...
လူတစ်ယောက်ချင်းစီ ဆုတောင်းတွေ ပြည့်ဖို့..
ကြွေပေးနေရတယ်...
သူတို့လဲ နာကျင်တတ်ကြရင် နာကျင်နေမှာပဲ...
ပန်းလေးတွေ အစားလဲ ရင်နာတယ်....
ချစ်တဲ့သူ ပန်ဆင်ဖို့...
မချစ်တဲ့သူ နင်းချေဖို့...
မလိုသူတွေ ဖျက်ဆီးဖို့ ...
မွေးဖွားလာကြတယ်...
တကယ်ဆို...ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးပါ
အချစ်ရယ်....
မင်း ဆိုတာ ကိုယ်ဆီကို တိုက်ရိုက်ဆက်သွယ်ပေးတဲ့...စိတ္တဇ ကြားခံနယ်လေးပဲ ဖြစ်တယ်...
မင်းကို...ဂရုစိုက်တယ်ဆိုတာ...
ကိုယ်နေမကောင်း ဖြစ်မှာ စိုးလို့ပါကွဲ့
မင်း ခန္ဓာကိုယ်ကို ဂရုစိုက်ပါကွယ်...အချစ်ရယ်...
မင်း နာတယ် ဆိုရင် ကိုယ်ကအရင် သွေးထွက်တတ်လို့...
တကယ်တော့..ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တာပါကွယ်....
တစ်ခုခုကို လုပ်တော့မယ်ဆို ကိုယ့်မျက်နှာပဲ
ပြေးမြင်ပေးပါ...
မင်း အဆင်မပြေတာသိရင် ကိုယ့်ကမ္ဘာက
အရင် ပျက်တတ်လို့....
ကိုယ့်ကမ္ဘာလေးကိုတော့ ဂရုစိုက်ပေးပါနော်...
တကယ်တော့..မင်းကို ချစ်တယ်ဆိုတာ
ကိုယ် ညာတာပါ အချစ်ရဲ့....
ကိုယ့်ကိုယ်ကိုယ်သာ အချစ်ဆုံးမို့...
အရာရာမင်းကိုပဲ ဂရုစိုက်ပေးနေမိတာ....
ယုံပါ.....
YOU ARE READING
မြတ်နိုးမိသော မေပယ်လ်<or> こうさてん [လမ်း ခွဲ] (Completed )
RomanceTitle~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)