Episode 14
🍁 လမ်းခွဲ 🍁
🍁
🍁
🍁အတိတ် ( ၁၁ )
ကိုယ် ထွက် သွား တော့ မယ်...အ ပင် အို ရေ..
လှ ပ ခဲ့ ဖူး တဲ့ အ မှတ် တ ရ တွေ ရော
ပျော် ရွှင် ခဲ့ ဖူး တဲ့ အ တိတ် တွေ ရော
မျှော် လင့် ခဲ့ ဖူး တဲ့ ပ စ္စု ပ္ပန် တွေ ရော
မ ဖြစ် နိုင် တော့ တဲ့ အ နာ ဂတ် တွေ ရော
မင်း ဆီ မှာ...ထား ခဲ့ ပါ ရ စေ လေ...
မ ဖြစ် နိုင် တော့ လို့ ပါ ဆို တာ
အ ကြောင်း ပြ ချက် ကောင်း တစ်ခု မ ဟုတ် ပေ မယ့် လုံ လောက် တဲ့ သက် သေတစ် ခု တော့
ဖြစ် နိုင် ကောင်း ရဲ့.....
ခ ဏ တာ ပျော် ရွှင် ခြင်း တွေ
ဆောင် ကြဉ်း ပေး ခဲ့ တဲ့ အ တွက် ကျေး ဇူး ပါ..
နာ ကျင် မှု တွေ ပျောက် ကင်း စေ ခဲ့
တဲ့ အ တွက် ကျေး ဇူး ပါ....
အ ထီး ကျန် ခြင်း တွေ ကို နှစ် သိမ့် စေ ခဲ့ တဲ့အ တွက်
ကျေး ဇူး ပါ...
လွန် ဆန် လို့ မ ရ နိုင် မှန်း သိ ခဲ့ ပါ တယ်...
ဝမ်း နည်း စွာ ထား ခဲ့ ရ မယ် မှန်း လဲ သိ ပါ တယ် ....
နာ ကျင် မှု များ နဲ့ ကျန် ရစ် ခဲ့ မှာ မှန်း လဲ
တွေး ထား ပါ တယ်....
ဒါ ပေ မဲ့ လဲ
ရူး မိုက် စွာ နစ် ဝင် ခဲ့ မိ ပါ တယ်....အ မုန်း တွေ ရှိ ရင် သိမ်း ထား ပါ...
နာ ကျင် ခြင်း တွေ ကို မှတ် ထား ပါ..
အ လွမ်း တွေ ရှိ ရင် သိမ်း ထား ပါ..
ဒဏ် ရာ တွေကို မှတ် သား ထား ပါ..
လွမ်း လို့ တော့ မ ငို မိ စေ နဲ့ ပေါ့...
ကိုယ် ပြန် ပြီး ပေး ဆပ် မှာ ပါ...
နာ ကျင် ခဲ့ တဲ့ ဖြစ် ရပ် တွေ ကို ရော...
လွမ်း ခဲ့ ဖူး တဲ့ ဒဏ် ရာ တွေ အ တွက် ရော...
မ တည် နိုင် ခဲ့ တဲ့ က တိ တွေ အ တွက် ပါ...
သံ သ ရာ တစ် ကွေ့ ကွေ့....မှာ ပဲ ဖြစ် ဖြစ်ဒါ့ ကြောင့် မို့
ကျေး ဇူး ပြု ၍
မ မေ့ လိုက် ပါ နဲ့....
ပြန် လာ မှာ ပဲ ဆို တဲ့ စိတ် နဲ့ လဲ
မ မျှော် ပါ နဲ့...
ဘယ် အ ချိန် ဆုံမယ်မှန်း
မ သိ တာ မ လို့..
ငို ကြွေး ပြီး တော့ လဲ
မ လွမ်း ပါ နဲ့...
မင်း အ တွက် နာ ကျင် ရ မှာ စိုး လို့ ပါ....AYeik
15.5.2017တစ်ရွက်ပြီးတစ်ရွက်တိုးလာသော ကဗျာစာလွှာတွေဟာ အံဆွဲငယ်၏အောက်ခြေရင်းတွင် နေရာအတည်အကျယူထားပြီးဖြစ်သည်။ဒီကနေ့လည်း အပင်အိုဆီ ကျွန်တော်ရောက်ဖြစ်သည်။မြင်နေကျအရိပ်ကလေး ပျောက်နေပေမယ့် ညနေစောင်းသည်အထိ ထိုခုံတန်းမှာပဲ ထိုင်နေခဲ့သည်။
YOU ARE READING
မြတ်နိုးမိသော မေပယ်လ်<or> こうさてん [လမ်း ခွဲ] (Completed )
RomanceTitle~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)