Episode 5
🍁လမ်းခွဲ🍁
🍁
🍁
🍁အတိတ် ( ၂ )
" နေ နေပါအုံး! "
အလျင်စလိုတားလိုက်သောအသံကြောင့် ကျွန်တော့်ခြေလှမ်းတွေ တုန့်ခနဲရပ်သွားသည်။
" ခင်များကလဲ ။ ပြီးရောဗျာ ကျွန်တော်ထွက်သွားပေးမယ် "
စူအောင့်အောင့်အသံဩလေးကြောင့် ကျွန်တော် ပြုံးလိုက်မိသွားသည်။
ကျောပေးထားသောအနေအထားကြောင့် ထိုချာတိတ်တော့ မြင်မှာမဟုတ်။" ဆောရီး ။ ကိုယ်က တိတ်ဆိတ်တာကိုသဘောကျလို့"
ခပ်အေးအေးဖြင့် ကျွန်တော်ဖြေရှင်းချက်ပေးလိုက်မိသည်။
တကယ်ဆို မလိုအပ်ပါဘဲ။တောင့်တောင့်လေးရပ်နေသောချာတိတ်အနားက ဖြတ်ကျော်ပြီး ခုံတန်းလေးမှာဝင်ထိုင်လိုက်သည်။ ထို့နောက် ခပ်ဝေးဝေးကအပင်အိုကို လှမ်းကြည့်လိုက်ပြီး စာအုပ်နှင့်ဘောပင်ကိုအဆင်သင့်အနေအထားဖြစ်အောင် ပြင်ဆင်လိုက်သည်။
စာရွက်ဖြူပေါ် မှင်ရည်များမစွန်းခင် ကျွန်တော့်နှလုံးသားတွေ ဖျတ်ခနဲလှုပ်ခါသွားသည်ဟု ခံစားလိုက်ရသည်။
အကြောင်းကား အပင်အို။
ယနေ့မှ ပိုလှနေသောအပင်အို.....
နေရောင်ခြည်ဖြာနေသော အပင်အို...
အရွက်အလက်တို့မရှိပေမဲ့ ရှင်သန်နေခြင်းတို့ အဖော်ပြုနေသေးသော အပင်အို....ကျွန်တော် တွေးလိုက်မိသည်။
မနက် ၉ နာရီဟာ အပင်အိုရဲ့အတောက်ပဆုံးနှင့်အလှပဆုံး အချိန်လား?ဟူ၍။" ကျွန်တော် တိတ်တိတ်လေးနေပေးမယ်လေ"
ခုံတန်းဘေးက သစ်တုံးလေးပေါ်ထိုင်ချလိုက်ပြီး မတိုးမကျယ်သံလေးနှင့်ပြောလာသောချာတိတ်ကို ကျွန်တော်လှည့်မကြည့်သော်လည်း မျက်လုံးထောင့်မှမြင်နေရ၏။
ကျွန်တော့်ရဲ့ပြန်ဖြေသံကို မကြားရလို့ထင်သည်။
မျက်နှာလေးထက်ကအပြုံးလေး ပျောက်ကွယ်သွားသည်။
ကျွန်တော့်အာရုံတစ်ခုလုံးသည်လည်း အရိပ်ကလေးကိုမြင်နေရသည့် မျက်လုံးထောင့်စွန်းလေးမှာသာ အချိန်ကြာကြာလွှမ်းမိုးခြင်းခံခဲ့ရ၏။
![](https://img.wattpad.com/cover/271617317-288-k609722.jpg)
YOU ARE READING
မြတ်နိုးမိသော မေပယ်လ်<or> こうさてん [လမ်း ခွဲ] (Completed )
RomanceTitle~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)