Ju Yate: Diary (1)(A/N- ပထမဆုံးအသိပေးချင်တာကတော့ စိတ်ခံစားလွယ်သူများမဖတ်ဖို့ပါ။Title အတိုင်း ဒါဟာ Diary ပါ။ အနီဖွက်ထားခဲ့တဲ့ ဂျူရိပ်ရဲ့diaryလေးပါ။ဒါ့ကြောင့် ခံစားချက်စာသားတွေချည့်ဖြစ်နေမှာမို့ သဘောမကျရင်မဖတ်ကြည့်လို့ရပါတယ်။သေချာတာကတော့ Diary စာမျက်နှာတိုင်းဟာ ဝမ်းနည်းနာကျင်စရာတွေချည့်ပဲဖြစ်နေလိမ့်မယ်။)
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
အဲ့ဒီ့နေ့ ။
ကျွန်တော် ကံဆိုးသော နေ့ ။သို့မဟုတ်။
ကျွန်တော်ကံကောင်းသောနေ့။အကယ်၍ ဘဝဟာ ဆေးရောင်ခြယ်ထားသောစာအုပ်တစ်အုပ်ဆို ပထမမဟုတ်တဲ့ စာမျက်နှာတစ်ခုမှာ အဲ့ဒီ့သူတစ်ယောက်ကို တွေ့ခဲ့ရတယ်။ကံကောင်းစွာနဲ့။သို့မဟုတ်။နာကျင်စွာနဲ့။သို့သော် ထိုစာမျက်နှာကနေစလို့ နောက်အရွက်တွေတိုင်းမှာ ပျော်ရွှင်မှုတွေတော့ အချိုးအဆမမှန်စွာပါဝင်နေခဲ့ပါတယ်။
" အပင်အို..."
ပထမဆုံးပါပဲ။ ကြည်လင်ပြီး တည်ငြိမ်အေးဆေးလွန်းသော ရေရွတ်သံတိုးတိုးလေး။
ခြောက်သွေ့ပြီးပျင်းစရာကောင်းနေတဲ့ အပင်ခြောက်ကြီးကို ငေးမောရင်း မသိမသာလေးခေါ်ဝေါ်လိုက်သလိုမျိုး။
ထူးဆန်းစွာပဲ ကျွန်တော့်ရဲ့ရင်တစ်ခြမ်းအတွင်းသို့ တိုးတိုက်တွန်းဖယ်ကာဝင်ရောက်လာသလိုမျိုး ခံစားချက်ဟာထိထိရှရှနဲ့။လူတွေက ဆိုကြတယ်။နောင်ဘဝတွေမှာ အသံကောင်းချင်ရင် ဘုရားမှာကြေးစည်လှူရတယ်တဲ့။မဟုတ်မှ ။ အဲ့ဒီ့ကျောပြင်လေးပိုင်ရှင်ဟာ အရင်ဘဝကများ ကျွန်တော့်တစ်ယောက်တည်းအတွက်လို့ ရည်စူးပြီးတော့ကြေးစည်လှူခဲ့လေသလားပဲ။ ပထမဆုံးဆိုတဲ့ အကြိမ်လေးမှာတောင် ထိုလူသားလေးရဲ့အသံလေးဟာ ကျွန်တော့်ရဲ့မှတ်ဉာဏ်အပိုင်းအစတချို့ထဲမှာ တစ်ဘဝစာလုံးမှတ်မိစေဖို့ လုံလောက်လွန်းခဲ့ပါရဲ့။
ဘဝမှာ ခပ်များများအချစ်မခံခဲ့ရတဲ့လူတစ်ယောက်က အခြားသူတစ်ယောက်ကို အသံကြားရရုံနဲ့ စိတ်ဝင်စားမိသွားတယ်ဆိုရင် အဲ့ဒါဟာ သဘာဝကျတဲ့ခံစားချက်ဖြစ်နိုင်ပါ့မလား။ပိုပြီးပြတ်လုံးဆန်တာက အဲ့ဒီ့အသံပိုင်ရှင်ဟာ ချိုသာနူးညံ့တဲ့မိန်းကလေးမဟုတ်တာပဲ။ မဟုတ်သေးဘူး။ရယ်စရာကောင်းသလိုလိုနဲ့ ယုံချင်စရာမကောင်းတဲ့ ဟာသဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်မယ်ထင်တယ်။
![](https://img.wattpad.com/cover/271617317-288-k609722.jpg)
BẠN ĐANG ĐỌC
မြတ်နိုးမိသော မေပယ်လ်<or> こうさてん [လမ်း ခွဲ] (Completed )
Lãng mạnTitle~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)