Episode - 13 / Zawgyi

593 19 1
                                    

Episode 13

🍁လမ်းခွဲ🍁
🍁
🍁
🍁

အတိတ် ( ၁၀ )

တက္ကသိုလ်နယ်မြေထဲကို စတင်ဝင်ရောက်နေခဲ့ပြီဖြစ်သောခြေလှမ်းတစ်စုံသည် ကျွန်တော်နှင့်ဖြည်းဖြည်းချင်းဝေးလို့သွားသည်။ တွေ့ဆုံရာဟာ အရင်လိုသစ်ပင်အိုဆီမှာမဟုတ်တော့ပေမယ့် ကျွန်တော်ရောက်ရှိနေကျအခန်းမှာလည်း ကျဲပါးသွားခဲ့၏။

ကျွန်တော်သည်လည်း အလုပ်တစ်ခုမှာဝင်ရောက်နေပြီဖြစ်လို့ ထိုသူ့ဆီကို အမြဲတမ်းမသွားနိုင်။တွေ့ဆုံချိန်ရှားပါးလာသည်နှင့်အမျှ ရင်မှမသေချာမှုတွေက သေချာလာသလို။မထင်မှတ်ထားသောအရောင်တွေကလည်း တဖြည်းဖြည်းပြောင်းလဲလို့လာချေပြီ။

ကျွန်တော့်ဘက်က ရပ်ပစ်လိုက်သင့်သလား??
ဒီလူသားနဲ့ဆက်ဆံရေးကိုလေ။
ဒါပေမဲ့ ကျွန်တော်မလုပ်နိုင်မှာစိုးသည်။
ကျွန်တော့်ရဲ့တစ်ခုတည်းသောလျှို့ဝှက်ရာကို သူ့ထံပါး၌ သိမ်းဆည်းထားခဲ့ပြီးဖြစ်လို့။

သို့ပေမဲ့လည်း ကျွန်တော်စွန့်လွှတ်ပေးရမည်။
တစ်စုံတစ်ဦးကြောင့်.....
ထိုသူဟာ ကျွန်တော့်ကိုမုန်း၍ ကျွန်တော်ကမုန်းချင်သော။
သူမ။ထိုသူမဟာ ကျွန်တော်၏အမေပင်ဖြစ်သည်။

" မင်းကို ငါမွေးထားတာမဟုတ်ဘူး "

နေထိုင်စဉ်က မကြာခဏဆိုသလိုကြားခဲ့ရသော သူမစကား။
ယောက်ျားတစ်ယောက်နဲ့ပြတ်တိုင်း မူးလာတတ်သည့်သူမဟာ ကျွန်တော့်ကိုမြင်သည်နှင့် ဒေါသထွက်တတ်သည်။ ပြီးလျှင် ထိုစကားလုံးတွေနှင့် ဆဲရေးတတ်သည်။ တစ်ခါတလေ သူမလက်ထဲရှိသည့်အရာနှင့် လှမ်းပေါက်လေ့ရှိသည်။

၈နှစ်အရွယ်ကလေးတစ်ယောက်၏မျက်ရည်တွေဟာ သူမအတွက်တော့ပေါက်ကွဲဖို့အကောင်းဆုံးချော်ရည်ပူတစ်ခုလို။

" မငိုကြနဲ့!...ငါ့ရှေ့မှာ မျက်ရည်ခံမထိုးကြနဲ့! သွား...အကုန်သွားကြ!!...သန္ဓယေုတ်တွေ...ငါ့ကို ရှင်လျက်သေအောင်လုပ်နေတဲ့ မကောင်းဆိုးဝါးတွေ!...သွားကြ..ငါ့အနားကအကုန်ထွက်သွားကြ! သွား...အဝေးကိုသွားကြ!!..."

ဒေါသတကြီးငိုယိုနှင်ထုတ်နေတဲ့သူမကိုကြည့်ပြီး ကျွန်တော်ဟာချောင်မှာတိတ်တိတ်ကလေးငိုခဲ့ရသည်။အမေလို့တောင် မခေါ်ရဲ။
သူမဟာ အဲဒီ့အချိန်တုန်းကသိပ်ကိုကြောက်စရာကောင်းလွန်းသည်လေ။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Where stories live. Discover now