Episode -16 / Unicode

1.2K 76 8
                                    

Episode 16

🍁လမ်းခွဲ🍁
🍁
🍁
🍁

ပေါက်ပြဲပြီးသွေးတစိမ့်စိမ့်ထွက်နေသောလက်ချောင်းတွေကို ပလာစတာကပ်ပေးနေရင်းက ကျွန်တော့်ရင်တွေတလှပ်လှပ်ဖြစ်လာသည်။ကူးစက်လာသောနာကျင်မှုက ခံရသူထက်ပိုပြင်းတယ် ဆိုတာမျိုး။

နှစ်ယောက်လုံးက လမ်းဘေးပလက်ဖောင်းပေါ်မှာထိုင်နေပြီး အကြည့်တွေကမူ တစ်ယောက်ကလမ်းမထက်ပေါ်မှပွင့်ကြွေတွေကို ငေးနေသည်။တစ်ယောက်ကတော့ သွေးနီရောင်တို့ပေကျံနေသော လက်ချောင်းရှည်ရှည်တွေမှာ။

နွေဦးရဲ့လေရူးတစ်ချက်အဝေ့မှာ နှစ်ယောက်လုံး၏သက်ပြင်းရှိုက်သံတွေဟာ တစ်ထပ်တည်းကျနေခဲ့၏။

" တောင်းပန်ပါတယ် ခူး "

တိုးလျနေသောလေသံနှင့်အတူ အောက်သို့ငုပ်သျှိုးသွားသော ဦးခေါင်းလေး။
ကျွန်တော့်နှလုံးသားတွေ ကျင်တက်သွားစေဖို့ ရည်ရွယ်သလားပဲ?

" တကယ်ကိုတောင်းပန်ပါတယ် ။ ကျွန်တော် ခူးကိုနာကျင်စေဖို့ ဘယ်တုန်းကမှဆန္ဒမရှိခဲ့ဘူး ။ အခုက ဟင်းးး"

ဆက်မပြောဘဲသက်ပြင်းချလိုက်သည့်အပြုအမူသည် ကျွန်တော့်၏သိချင်စိတ်ကို တမင်တကာပင်နှိုးဆွလိုက်သကဲ့သို့။

" မင်း ဒေါသထွက်နေတာမလား "

" ဟုတ်တယ် ။ ကျွန်တော် အကြီးအကျယ်ဒေါသထွက်နေတာ "

ကျွန်တော့်ကိုပြန်မကြည့်လာဘဲ ခေါင်းငုံ့လျက်နဲ့သာဆိုလေသည်။သို့သော် နီရဲရဲနားရွက်ဖျားများကတော့ အရောင်မပြယ်သေးပေ။

" ကိုယ်နဲ့ဆိုင်သလား? အဲ့တာက "

ချက်ချင်းလှည့်ကြည့်လာသည့်မျက်လုံးများဟာ စူးရှလွန်းလို့ ကျွန်တော့်တစ်ကိုယ်လုံးပြာကျတော့မယောင်ဖြစ်လို့သွားသည်။

စိတ်ရဲ့တံခါးပေါက်လို့ ကဗျာဆရာတွေတင်စားထားတဲ့ မျက်လုံးတွေဟာ တကယ်ပင်ဖုံးကွယ်ဖို့သိပ်ခက်သည်။စိတ်ရဲ့ခံစားချက်တွေကို နှုတ်ခမ်းတွေကသာလိမ်ရင်လိမ်ကြမည်။မျက်လုံးများကတော့ မလိမ်တတ်ကြ။မလိမ်တတ်သည်ဆိုတာထက် လိမ်ဖို့ပင်မတတ်နိုင်ကြသည့်အရာမျိုး။ထိုမျှအထိ မျက်လုံးဆိုသောအရာက ဆန်းကြယ်ထူးခြားသည်။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )حيث تعيش القصص. اكتشف الآن