Episode - 23
🍁လမ်းခွဲ🍁
🍁
🍁
🍁ဘဝဆိုတာဟာ စာမျက်နှာတစ်ခုသာဖြစ်ခဲ့လျှင် ကျွန်တော့်ရဲ့ဘဝစာမျက်နှာလေးမှာတော့ အနီရောင်မှင်ရာတွေသာစွန်းထင်းခဲ့တာများ၏။ နေ့ရက်တိုင်း ၊ စက္ကန့်တိုင်းမှာ သွေးမထွက်သည့်ရင်တွင်းဒဏ်ရာတွေဟာ ဒုနဲ့ဒေးပဲ။
ရှင်သန်ခြင်းတွေ ၊ သေဆုံးခြင်းတွေကို တစ်ခါတလေမေ့ထားလိုက်ပြီး ဘဝကိုအသက်သာဆုံးနည်းနဲ့ပုံမှန်အတိုင်းဖြတ်သန်းနေလည်း ခဏတဖြုတ်သတိလက်လွတ်မိတဲ့အခါမျိုးတွေမှာ စိတ်ရဲ့ကုရခက်ဒဏ်ရာတွေကြောင့် သက်ပြင်းမောချမိရတာ အကြိမ်ကြိမ်။ ဘဝဆိုတာက တိုတောင်းသလို အနာတရတွေဟာလည်း နက်လွန်းလေတော့ ကုသဖို့အတွက် သိပ်ကိုခက်ခဲလွန်းနေတော့၏။ တကယ်ဆို ဒီလိုမျိုးမရှင်သန်ချင်ခဲ့ပါလျက်နဲ့။
' ကျွန်တော်တို့ ဟိုးအဝေးဆုံးကို ပြေးပုန်းကြရင်ရော....' တဲ့ ။ ထိုစကားသံတိုးတိုးလေးကိုပြန်ကြားယောင်မိတော့ ကျွန်တော် ယဲ့ယဲ့လေးပြုံးမိသည်။ ပုန်းတိုင်း လွတ်နိုင်လို့လားဆိုသောဝါကျတစ်ကြောင်းကိုတော့ အမေးသဘောတွေစပ်လျဥ်းပြီးလည်း ကျွန်တော်မမေးချင်တော့ဘူး။ ဘယ်လောကနိယာမကများ ထာဝရအတွက်ဆိုပြီး မှန်ကန်နိုင်ခဲ့လို့လဲ? အရာရာတိုင်းက ကံတရားရဲ့သွေးဆောင်ရာမို့ ထူးထွေပြီးလည်း ဆူးပုံမနင်းချင်တော့ဘူး။ ဖြစ်ချင်သလိုသာ ဖြစ်လာပါစေတော့။
အချစ်ဆိုတဲ့အဓိပ္ပါယ်ကို ကောင်းကောင်းနားမလည်မခံစားတတ်ခဲ့တဲ့ကျွန်တော့်ဘဝမှာ ဂျူရိပ်ဆိုသောအရိပ်ငယ်ကတော့ အနှိုင်းမဲ့တဲ့အထိ ထူးခြားစွာတိုးဝင်လာတဲ့ သစ်ရွက်ကလေးတစ်ခုလိုပါပဲ ။ တွယ်ကပ်ခြင်းတွေနဲ့ ရင်ခုန်ခြင်းတွေကို သယ်ပိုက်လာတဲ့အရွက်စိမ်းလေး ။ ဆွတ်ပျံ့ဖွယ် ရယ်သံဖွဖွလေးကို သူဟာဖန်ဆင်းပေးခဲ့သည်။ ကျွန်တော်ဟာ နူးညံ့လွယ်တဲ့နှလုံးသားကို အေးစက်ခြင်းတွေနဲ့အထပ်ထပ်ကာရံထားခဲ့ပေမယ့် အဆုံးမှာတော့ ပျော့ပျောင်းညင်သာလွန်းတဲ့သူ့ရဲ့နှလုံးခုန်သံသဲ့သဲ့အောက်မှာပဲ ဦးကျိုးနေတဲ့အကျဥ်းသားတစ်ယောက်လို လဲပြိုခဲ့ရသည်။ အချစ်ဟာ သိပ်ကို ကြောက်စရာကောင်းသည့် စွမ်းအားတစ်ခုပဲလား?
VOUS LISEZ
မြတ်နိုးမိသော မေပယ်လ်<or> こうさてん [လမ်း ခွဲ] (Completed )
Roman d'amourTitle~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)