Episode -8 / Unicode

1.8K 109 3
                                    

Episode 8

🍁လမ်းခွဲ🍁
🍁
🍁
🍁

အတိတ် ( ၅)

လချီလာသည့်ကြာချိန်ဟာ အေးစက်စက်ကျွန်တော့်မျက်နှာကို ပြောင်းလဲလာစေခဲ့သည်။
အမြဲတမ်းလိုလိုနှုတ်ဆိတ်နေတတ်သည့် ကျွန်တော့်နှုတ်ခမ်းညိုညိုတွေကို ပြောင်းလဲစေခဲ့သည်။
ပြီးတော့ ကန်ရေပြင်လိုငြိမ်သက်နေခဲ့သော ကျွန်တော့်နှလုံးသားကိုပါ ပြောင်းလဲစေခဲ့သည်။

စိမ်းဖန့်နေသောသစ်ရွက်ကလေးအပေါ် ဘောပင်တစ်ချောင်းနှင့် စာလုံးသေးသေးလေးတွေချရေးပြီးနောက် ကျွန်တော်ပြုံးလိုက်မိသည်။
မထင့်တထင်ဖြစ်နေသော အစိမ်းရွက်ကလေးမှမှင်ပြာရောင်လေးတွေကို အကြာကြီးငေးစိုက်ကြည့်ပြီး စက္ကန့်တွေကိုရေတွက်နေချိန်သဲ့သဲ့ကြားရပါသောခြေသံပြင်းပြင်း။

" ခူး "

ခပ်ပြတ်ပြတ်အော်ခေါ်သံမတိုးမကျယ်လေး လွင့်ပျံလာပြီးနောက်တွင် လက်ထဲကသစ်ရွက်စိမ်းလေးကို စာအုပ်ကြားထဲအလျှင်အမြန်ထိုးညှပ်ပြီး ပိတ်ပစ်လိုက်ကာ အနောက်ကိုလှည့်ကြည့်လိုက်သည်။
ပြေးလွှားလာသောအရိပ်ကလေးသည် လက်ထဲတွင်လည်း အဖြူရောင်ဘူးလေးတလှုပ်လှုပ်ဖြင့်။
အနားရောက်လာမှ ဘေးနားကပ်ရပ်တွင်ဝင်ထိုင်ကာ ကျွန်တော့်ပခုံးပေါ်ခေါင်းမှီတင်ပြီး အမောဖြေလေသည်။
လုပ်နေကျအပြုအမူတစ်ခုမို့ ထူးထွေပြီးလည်း မရှောင်ဖယ်မိတော့။
ထိုစဥ် ရနေကျကိုယ်သင်းနံ့နှင့်အတူ ထူးခြားသောအနံ့တစ်ခုက နှာခေါင်းထဲကိုစူးခနဲဝင်ရောက်လာသည်မို့ ကျွန်တော်နှာခေါင်းရှုံ့လိုက်မိ၏

" အာ..ဆောရီး ။ ကျွန်တော့်ကိုယ်က ဟင်းနံ့တွေ နံနေမှာပေါ့ "

ကျွန်တော့်မျက်နှာကအမူအရာကို မြင်လိုက်လို့ပြောတာလား...?
မမြင််မိလိုက်ဘဲဲနဲ့ သူ့ကိုယ်သူသတိထားမိလို့ ပြောလိုက်တာလားဆိုတာ ကျွန်တော်မစဥ်းစားမိခင်မှာပဲ ပခုံးပေါ်ကအလေးချိန်ဟာ သိသိသာသာလျော့နည်းသွားသည်။

" ဒီနေ့ နေ့လယ် အတန်းချိန်မရှိတော့ဘူးမလား"

ကျွန်တော့်အတန်းအချိန်ဇယားကို သိထားတဲ့ ထိုကောင်လေးက ခပ်ပြုံးပြုံးဖြင့် မျက်စပစ်ကာမေးလာသည်ကို ကျွန်တော်ငြိမ်သက်ခြင်းနှင့်ပင် ဖြေမိသည်။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Where stories live. Discover now