Episode -11 / Unicode

1.3K 78 4
                                    

Episode 11

🍁လမ်းခွဲ🍁
🍁
🍁
🍁

အတိတ် ( ၈ )

ဖုန်းစခရင်တွင်ပေါ်နေသော နံပါတ်အသစ်တစ်ခုကြောင့် ကျွန်တော့်လက်တွေတွေဝေနေမိသည်။အချိန်ကြာသည်အထိ ကိုင်ရနိုး ၊ မကိုင်ရနိုးနဲ့ စဥ်းစားရင်းဖြင့် နောက်ဆုံးမှာတော့အတွေးတစ်ခုကြောင့် ကိုင်ဖို့ဆုံးဖြတ်လိုက်၏။

ကျွန်တော့်အနား အခုရက်ပိုင်း တစ်စုံတစ်ရာကပျောက်ဆုံးနေသည်မဟုတ်ပါလား?

" တော်သေးတယ် ။ ဖုန်းနံပါတ်စိမ်းလို့ ကိုင်ပါ့မလားဆိုပြီး စိတ်ပူနေတာ "

မကြားရတာကြာပြီဖြစ်သော ရင်းနှီးနေကျအသံဩရှရှလေးဟာ နွမ်းလျနေဟန်ပုံပေါက်သည်။ဘာများ ဖြစ်လို့ပါလိမ့်။

" ခေါ်တိုင်းနံပါတ်အသစ်ပဲဆိုတော့ တွေဝေမိရုံပါ "

" ဟီး....ခူး စိတ်ညစ်မသွားဘူးမလား "

" ရပါတယ် ။ အခုကရော ဘာလို့ဆက်တာလဲ "

" ကျွန်တော် ခူးကို တွေ့ချင်လို့ "

" တွေ့နေကျနေရာကို မလာဘူးလား? "

အဝေးကအပင်အိုကို ငေးရင်း ကျွန်တော်သက်ပြင်းတိုးတိုးချလိုက်မိသည်။
ဒီကနေ့အပင်အိုက ဘာလို့သေဆုံးနေသလိုဖြစ်နေတာလဲ?
အရင်နေ့ကလို ရှင်သန်ခြင်းအရိပ်တို့ ပျောက်ဆုံးနေပြီး ပျင်းရိခြောက်သွေ့ဖွယ်ကောင်းနေလိုက်တာများ။

" ကျွန်တော့်ဆီကို လာခဲ့ပေးမလား ခူး ။ ကျွန်တော်သိပ်တွေ့ချင်နေလို့ "

ဖျော့တော့နေသောအသံရှရှကိုနားထောင်ရင်း ကျွန်တော့်နှလုံးခုန်သံတွေ မူမမှန်ချင်တော့။

" လိပ်စာပို့လိုက်မယ် ။ ပြီးတော့ "

ကျွန်တော်ထိုင်နေရာမှ ထရပ်ပြီးနေပြီဖြစ်သည်။သို့သော် ဆက်ပြောလိုဟန်ရှိနေကြောင်း ခံစားရသည်မို့ တစ်ခွန်းမှမဟဘဲ ဖုန်းကိုသာကျစ်ကျစ်ဆုပ်ထားပြီး ငြိမ်သက်လျက်နားထောင်နေလိုက်သည်။

တစ်ဖက်မှအသက်ပြင်းပြင်းရှူသံတစ်ခုကိုလည်း နားစွင့်ရင်း စိုးရိမ်စိတ်တို့က ခေါင်းတစ်ခုလုံးမှာ ထူထူပူပူပြန့်လာလျက်ရှိ၏။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Where stories live. Discover now