Episode - 32 / Unicode

1.3K 61 11
                                    

Episode - 32

🍁လမ်းခွဲ🍁
🍁
🍁
🍁
ဘဝကို အဓိပ္ပါယ်မဲ့စွာဖြင့် ဖြတ်သန်းလာခဲ့ပြီးနောက်မှာတော့ မျှော်လင့်ခြင်းဆိုသောခေါင်းစဥ်အောက်မှာ ကျွန်တော့်အတွက်ဆိုပြီး အသီးများအခွံခွာပေးနေသည့်ကောင်လေးတစ်ယောက်ကို အရေးတယူဆွဲသွင်းခဲ့မိသည်။ ထိုကောင်လေး၏လက်ချောင်းသွယ်သွယ်တွေဟာ ကျွန်တော့်လက်ချောင်းများလိုမျိုး ညိုပြီးရှည်မျောမနေချေ။ကျွန်တော့်လက်ဆစ်များနှင့််မတူညီစွာပဲ ကွဲပြားနေသောနီတီတီလက်ဆစ်ကြီးကြီးကလေးများကို  အကြောင်းပြချက်ကင်းမဲ့စွာပဲ ကျွန်တော်မြတ်နိုးနေမိ၏။

" ခူး ရောက်ဖြစ်သေးလားမသိပေမဲ့ ကျွန်တော်တော့ အခုနောက်ပိုင်း အပင်အိုဆီခဏခဏ သွားဖြစ်တယ် သိလား? ပြီးတော့ ဒီအချိန်လောက်ဆို မေပယ်လ်ရွက်လေးတွေလဲ အရောင်ပြောင်းလုနီးနေပြီ "

ပန်းသီးလုံးလေးကို ဓားဖြင့်အခွံပါးပါးလွှာနေရင်းက မော့ကြည့်လာသည့်မျက်ဝန်းရိုင်းတစ်စုံ။ အလွန်အမင်းကြည်နူးမှုတို့က အပြင်သို့လျှံထွက်ကျတော့မယောင်ပင် ဖိတ်လျှံလို့။

" ကျွန်တော်လေ ခူးနဲ့နောက်တစ်ကြိမ် အဲ့နေရာကိုပြန်သွားချင်သေးတာဗျ။ နောက်ပြီးခုံတန်းနီလေးဘေးက ခူးသတိမထားမိခဲ့တဲ့မေပယ်လ်ပင်။ အဲ့အရွက်တွေ ကြေကျလာတာကိုလဲ ဖမ်းဆုပ်ပြီး ခူးရဲ့အချစ်ဦးဖြစ်ဖို့ ဆုတောင်းချင်သေးတာ"

ပြောနေရင်း တလက်လက်တောက်ပနေသောမျက်ဝန်းရိုင်းလေးများ​ကြောင့် ကျွန်တော့်၏ရင်ဟာလည်း တဖျတ်ဖျတ်လှုပ်ခတ်လို့နေဆဲ။

မေပယ်လ်ပင်?
တကယ်ပဲ ခုံတန်းနီနံဘေးမှာ ရှိနေခဲ့သလား?
ပတ်ဝန်းကျင်ကို စူးစမ်းမှုအားနည်းသည့်ကျွန်တော်ဟာ ဒီတစ်ခါလည်း အနီးလေးမှာရှိသည့်အပင်လေးကို ဂရုမစိုက်ရှိခဲ့ပြန်သည်။

အချစ်ဦးဖြစ်ဖို့တဲ့လား?
ကျွန်တော်အမှတ်တမဲ့လေး ပြုံးလိုက်မိ၏။

မင်းဆုတောင်းဖို့မလိုတော့ပါဘူး အရိပ်ငယ်ရေ! မင်းဟာ အစကတည်းက ကိုယ့်ရဲ့အချစ်ဦးဖြစ်ခဲ့ပြီးသားမို့!

" ဂျပန်မှာဆိုရင် မေပယ်လ်ရဲ့အဓိပ္ပါယ်က ဆောင်းဦးကိုကြိုဆိုခြင်းတဲ့ ။ ပြီးတော့ မေပယ်လ်ကို မိုမိဂျိလို့ခေါ်ကြတယ်။  ကျွန်တော်ကလေ ဂျပန်ဘာသာစကားနဲ့ဂျပန်ရိုးရာယဥ်ကျေးမှုတွေကို သိပ်သဘောကျတာ။ ဘယ်လိုအကြောင်းပြချက်ကြောင့် ဆိုတာမျိုးမှမရှိဘဲပေါ့ ။ ကျွန်တော့်ဘဝတစ်လျှောက်လုံးမှာ အဲ့လိုအကြောင်းပြချက်တွေတစ်ခုလေးတောင်မရှိဘဲ သဘောကျခဲ့မိတာဆိုလို့ ဂျပန်စကားလုံးတွေနဲ့ ခူးပဲ ရှိတယ်။ အဲဒါကြောင့်  ကျွန်တော့်ချစ်ရသူကို ကျွန်တော်သဘောကျတဲ့ဂျပန်နိုင်ငံအထိခေါ်သွားပြီး လျှောက်လည်ချင်မိတာ ကျွန်တော်အမြဲတမ်းမက်ခဲ့တဲ့အိပ်မက်တစ်ခုပဲလေ"

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Donde viven las historias. Descúbrelo ahora