Episode - 30
🍁လမ်းခွဲ🍁
🍁
🍁
🍁" မင်းရူးနေလား ဂျူရိပ်!! ဘာလို့ အခုလို.."
ကျွန်တော် စိတ်တိုလွန်း၍ အရုပ်တစ်ရုပ်လိုအေးတိအေးစက်လုပ်နေသူ၏ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်ခါယမ်းပစ်လိုက်မိသည်။
စောစောကသာ သူမတားခဲ့ဘူးဆိုလျှင်..
စတီယာရင်ကိုသာ အလျင်စလိုဆွဲမလှည့်ခဲ့ဘူးဆိုလျှင်.....
သေချာပေါက် အခုချိန်မှာ သူတို့နှစ်ယောက်လုံးအသက်ရှင်နိုင်လိမ့်မည်မဟုတ်။" ဟုတ်တယ်! ကျွန်တော်ကရူးနေတာ! အဲ့လိုရူးတာ ဘယ်သူ့ကြောင့်လဲ? ခင်များကြောင့်ပဲ ခူး!! ကျွန်တော်သိပ်ချစ်ရတဲ့ခင်များကြောင့်ပဲလေ!! "
သူ့ပခုံးပေါ်က ကျွန်တော့်လက်တွေကို ဆွဲဖြုတ်ချပြီး ပြန်အော်လာသည့်အရိပ်ငယ်၏မျက်ရည်ဝဲနေသည့်ပုံစံကြောင့် ကျွန်တော့်ရင်တစ်ခုလုံး ဆတ်ဆတ်ခါနာရသည်။
သူ့ကြောင့်တဲ့။
ဒီလိုစကားမျိုး အရိပ်ငယ်၏နှုတ်ခမ်းဖျားက ကိုယ်တိုင်ကြားရသည့်အခါ နှလုံးသားဟာ ပို၍နာကျင်ရသည်။" ခင်များကြောင့်ပါ ခူးရဲ့။ အခုလိုကျွန်တော်ရူးမိုက်နေမိတာ ခင်များကြောင့်ပါ။ဒါပေမဲ့လေ အဲ့အတွက် ခင်များကိုဘယ်တုန်းကမှ ကျွန်တော်အပြစ်မတင်ခဲ့ဘူး။ ကျွန်တော့်ရဲ့ဘဝတစ်ခုလုံး အချိုးအကွေ့တွေများခဲ့တာက ခူးကြောင့်ပဲဆိုပေမဲ့ ကျွန်တော်လေ ဘာကြောင့်မှန်းမသိဘူး ခူးအနားမှာပဲနေချင်နေမိတယ်။ ခူးနဲ့ပဲအတူရှိချင်တယ်။ ဘယ်လိုနေရာမျိုးမှာပဲ ဖြစ်ဖြစ်၊ ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ခူးရဲ့အရိပ်ကလေးလိုပဲရှိချင်တာ။ တကယ်လို့ ခူးကသာ သံသရာအဆုံးထိရွက်လွင့်မယ်ဆိုရင်တောင် ကျွန်တော်ကတော့ ကျွန်တော်ပိုင်တဲ့အရာအားလုံးကိုတောင်စွန့်လွှတ်ပြီး ခူးနောက်ကိုပဲလိုက်ခဲ့မှာ။ အဲ့ဒါကြောင့် လောကကြီးထဲကထွက်သွားမယ်ဆိုရင်တောင် ခူးတစ်ယောက်တည်းမဖြစ်ရဘူး။ ကျွန်တော်ပါ အတူလိုက်ခဲ့ပေးမှာမို့.."
အရည်ကြည်တို့ကိန်းဝပ်နေသည့်မျက်ဝန်းရိုင်းတစ်စုံကိုငေးကြည့်ရင်း ကျွန်တော့်နှလုံးခုန်သံဟာ ကျယ်လို့လာသည်။ ကြားနေရသည့် နာမ်စားများဟာလည်း ခူးဖြစ်လိုက် ခင်များဖြစ်လိုက်နဲ့ ။ ထိန်းချုပ်ထားသည့်တိုင် ရှိုက်သံတို့ကတိုးလျနေခဲ့လျက်။
![](https://img.wattpad.com/cover/271617317-288-k609722.jpg)
ESTÁS LEYENDO
မြတ်နိုးမိသော မေပယ်လ်<or> こうさてん [လမ်း ခွဲ] (Completed )
RomanceTitle~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)