Episode - 33 / Unicode

1.4K 72 18
                                    

Episode - 33

🍁လမ်းခွဲ🍁
🍁
🍁
🍁

အရှိန်ပြင်းစွာဖြင့်မောင်းနှင်လာသော ကုန်တင်ကားကြီးနှင့် နီးကပ်လာချိန်တွင် ကျွန်တော့်၏ခန္ဓာကိုယ်တစ်ခုလုံးကို အရှေ့ကနေ ကာဆီးသိမ်းပွေ့လိုက်သော အရိပ်ငယ်။ ထို့နောက်မှာတော့ အသိစိတ်ဟာ လွင့်ခနဲဖြစ်လို့သွား၏။

အသိစိတ်မလွင့်ခင် နောက်ဆုံးကြားလိုက်ရသော အရိပ်ငယ်၏နာကျင်စွာအော်ဟစ်လိုက်သံဟာ ကျွန်တော့်နှလုံးသည်းခြေတစ်ခုလုံးကို ပျက်စီးစေသည်အထိ အရှိန်ပြင်းလွန်းခဲ့သည်။ သို့သည့်တိုင် အရိပ်ငယ်၏တင်းတင်းကျပ်ကျပ်ပွေ့ဖက်ထားမှုကြောင့် ကျွန်တော့်၏ကိုယ်မှာတော့ နွေးထွေးမှုက ဆောင်းနှင်းလိပ်ပြာတွေလိုမျိုး ပျံဝဲလို့ကြွင်းကျန်နေဆဲ။

အချိန်ဘယ်လောက်တောင် ကြာသွားပြီဆိုတာ မသိ။
ကျွန်တော် အသိစိတ်ပြန်ကပ်လာချိန်မှာတော့ ကျွန်တော်ရောက်နေသည်မှာ အပျက်အစီးများနှင့်လမ်းမပေါ်မှာမဟုတ်ခဲ့။

ဒါက ဘယ်နေရာလဲ? ပြီးတော့ ကျွန်တော့်အရိပ်ငယ်ရော ဘယ်မှာလဲ?

လေးလံနေသည့်ခြေထောက်တွေကို ဆန့်ထုတ်ရင်း မျက်လုံးတွေကို လက်ဖြင့်ပွတ်သပ်လိုက်မိသည်။ ထိုစဥ် မြင်လိုက်ရသည့် ရင်းနှီးဖွယ်မြင်ကွင်းကြောင့် နှုတ်ခမ်းတို့ကိုဖွင့်ဟမိသည်အထိ ကျွန်တော်အံ့ဩငေးမောသွားရသည်။

အပင်အို
ခုံတန်းနီလေး
ခြောက်သွေ့နေသည့် မြက်ရိုင်းတွေ။

​တစ်ခုစီတိုင်းက မစိမ်းသက်သွားသလိုမျိုး ခံစားချက်ဟာ လှပနေဆဲ။
သို့သော် ကျွန်တော်ယခုမြင်နေရသည့်အပင်အိုဟာ ထူးခြားလို့နေပါ၏။

အခက်အလက်များနှင့် ဝေဆာနေသော ထိုသစ်ပင်ကြီး။ တစ်နည်းအားဖြင့် ကျွန်တော်ခေါ်ဆိုအမည်မှည့်ပေးခဲ့သည့် အပင်အို။ ယခင်ကလို ခြောက်သွေ့အိုဆွေးနေခြင်းမျိုးမဟုတ်ဘဲ စိမ်းလဲ့လဲ့အရွက်များဖြင့် တင့်တယ်လှပနေသော ထိုအပင်အို။ တစ်ချိန်က အထီးကျန်ခြင်းတွေ ပျောက်ဆုံးလို့နေလေ၏။

ခပ်သင်းသင်းပျံ့လာသောသစ်ရွက်စိမ်းနံ့ကို ရှူရှိုက်မိရင်း ထိုအပင်ကြီးကို ကျွန်တော်တမေ့တမောငေးကြည့်လို့နေမိသည်က အချိန်အတော်ကြာကြာ။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Where stories live. Discover now