Episode - 19 / Zawgyi

474 16 1
                                    

Episode 19

🍁လမ်းခွဲ🍁
🍁
🍁
🍁

တစ်ပတ်လောက်ပျောက်သွားသည့် အရိပ်ငယ်တစ်ခုဟာ ပြန်ပေါ်လာတော့လည်း အယိုင်ယိုင်အနဲ့နဲ့နှင့်။ ကန်ရေပြင်တစ်ခုလိုတည်ငြိမ်အောင် ဘယ်လောက်ပဲကြိုးစားနေခဲ့ပါစေ ။ နောက်ဆုံး ပူလောင်နာကျင်နေတဲ့မျက်ဝန်းရိုင်းတွေနဲ့တွေ့တော့လည်း ပြိုလဲအရှုံးပေးမိသူဟာ ကျွန်တော်ကိုယ်တိုင်ပဲဖြစ်နေခဲ့ပြန်၏။ ထွက်ပြေးဖို့ကြိုးစားမိလေ ထိုကောင်လေးရဲ့မေတ္တာဆူးတွေအောက်ကို ရောက်ရှိလေပဲ။
ဘယ်လောက်ပြေးပြေး စူးရှနာကျင်နေတဲ့မျက်ဝန်းရိုင်းတွေအောက်ကတော့ ရုန်းလို့မရခဲ့ဘူး။ အချစ်ဆိုတဲ့နတ်ဆိုးဟာ ကျွန်တော့်အပေါ်ကိုတော့ ပြင်းပြင်းထန်ထန်အရေးယူလိုသည်ထင်ပါရဲ့။
နူးညံ့တဲ့ဓားသွားတစ်ခုပေါ်က ချို​မြိန်တဲ့ပျားရည်စက်လိုမျိုး နှစ်သက်စွာမျိုချလိုက်မိတာနဲ့ တိခနဲပြတ်တောက်သွားမှာ ကိုယ့်ရဲ့လည်တိုင်ပင်ဖြစ်လေတော့ ဒဏ်ရာတွေကိုမျိုသိပ်ရင်း မြင်လွှာတွေကိုပဲပိတ်ထားမိခဲ့သည်။

တကယ်လို့များ ကျွန်တော်ရူးမိုက်ခဲ့ပါလျှင် နူးညံ့တဲ့ဓားသွားလေးလည်း သွေးစွန်းရပါလိမ့်မည်။
မသန့်စင်တဲ့ ကျွန်တော့်ရဲ့သွေးကြောင့် ဓားသွားလေးကိုတော့ အားမနာချင်ပါလေ။

" အဲဒါ ဘာတွေဖြစ်လာတာလဲ။"

အိပ်မပျော်လို့ အောက်ထပ်ဆင်းလာမှ မြင်လိုက်ရသည့်မြင်ကွင်းက သူ့ကိုပိုပြီးမျက်လုံးကြောင်စေခဲ့သည်။
အရာရာကို ဖြစ်ချင်တဲ့အတိုင်း လုပ်နေသူကတော့ တွဲကူထိန်းထားပေးသူ၏ပခုံးတစ်ဖက်မှာ မျက်နှာအပ်လို့။

" ဂျူရိပ် မူးပြီးအိမ်ကိုရောက်ချလာတာလေ ။ အာ့.. မေမနိုင်တော့ဘူး ကိုကြီးကူဦး။ တကယ်ပဲ ဒီကလေးက ကိုယ့်အိမ်ကိုပြန်တာမဟုတ်ဘူး။ "

မျက်လုံးတွေမှေးစင်းပြီးကြည့်လာသည့် မျက်နှာခပ်ရဲရဲဟာ တမင်ပင်ဒီလိုလုပ်လာကြောင်း သိသာစေခဲ့လျက်။ ယမကာအစွမ်းကြောင့် ခပ်စိုစိုဖြစ်နေသည့်နှုတ်ခမ်းထူထူတွေဟာ ကျွန်တော့်ကိုခပ်ထေ့ထေ့လှောင်နေသလိုမျိုး။
သက်ပြင်းကိုသာခပ်နာနာချရင်း ညီမလေးဆီမှ ထိုအမူးသမားလေးကို လက်ပြောင်းယူလိုက်တော့ တစ်ကိုယ်လုံးပစ်မှီချလာသည့်အပြုအမူတစ်ခုက တည်ငြိမ်နေသည့်ရင်ကိုသိသိသာသာလှုပ်ခတ်စေ၏။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )حيث تعيش القصص. اكتشف الآن