Episode - 28
🍁လမ်းခွဲ🍁
🍁
🍁
🍁ပိတ်မှောင်နေသောလေဟာနယ်တစ်ခုတွင်
အလင်းရောင်ဟူသည် ဗလာနတ္ထိ။ အသက်ပျောက်လောက်အောင်အထိ အေးစိမ့်နေသည့်တိုင် အသက်တစ်ငွေ့ကိုတော့ဖြင့် ခက်ခက်ခဲခဲရှူသွင်းနေရသည်။အမှောင်။ ဘာကိုမျှမမြင်ရသည့်တိုင် ကြောက်ရွံ့ခြင်းတို့ကြောင့် အသားများတဆတ်ဆတ်တုန်ကာ လေးလံစိုထိုင်းနေသည့်လက်တစ်ဖက်ကိုမြှောက်လိုက်မိ၏။
ဒါက ဘယ်နေရာလဲ?
ဝေဝေဝါးဝါးစမ်းကြည့်ပါသော်လည်း ထိတွေ့မှုက အေးစက်စက်အလွှာကိုသာဖြတ်တိုက်မိဆဲ။
စူးစမ်းလိုသောကြောင့် ပိတ်ကျပ်တင်းခဲနေသည့်မြင်လွှာကို အားယူကာဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရသည်က စိမ်းဖန့်ဖန့်ရေအောက်လွှာ။
သူ နစ်မြုပ်နေခဲ့တာ ရေပြင်ကျယ်ရဲ့ဟိုးအနက်ရှိုင်းဆုံးမှာ။
သူ ကူးခတ်နေခဲ့တာ အလင်းရောင်ရှိတဲ့ ရေပြင်ရဲ့အပြင်ဘက်။သို့သော် ကူးခတ်ရင်းနစ်မြုပ်သွားတဲ့ခန္ဓာကိုယ်ဟာ အေးစက်မှုရဲ့ဒဏ်ကြောင့် ခိုက်ခိုက်တုန်နေခဲ့ပြီ။ သို့ပေမဲ့ သူအားမလျှော့သေး။
ဆက်ပြီး လက်တွေ၊ခြေတွေသုံးပြီးကူးခတ်နေပါသေး၏။ကူး၏။ နစ်၏။
ခတ်၏။ မြုပ်၏ဆက်ကူး၏။ ပိုနစ်၏။
ဆက်ခတ်၏။ ပို၍ပို၍ မြုပ်၏။အချိန်ကြာကြာကြိုးစားခဲ့ပါသော်လည်း မောဟိုက်လာသည့်ရင်အစုံကြောင့် ပင်ပန်းမှုဟာ ဟိုးအနက်ဆုံးနေရာကိုသာ ပြန်၍ထိုးကျရသည်။
ထိုအခိုက် အေးခဲလောက်သည့်ရေတွေဟာ နှာခေါင်းအတွင်း အစုအပြုံတိုးဝင်လာကြသည်။
မွန်းကျပ်လာမှုကြောင့် ပါးစပ်ကိုဖွင့်ဟလိုက်သော်လည်း အလုံးလိုက်အရင်းလိုက်ဝင်ရောက်လာကုန်သည့် အေးစိမ့်စိမ့်ရေခါးများကြောင့် အသက်ရှူလို့မရခဲ့။တဖြည်းဖြည်း သူ ဟိုးအောက်ဆုံးကိုမျောလွင့်နေလေပြီ။ ကယ်သူမရှိ။ဆယ်သူမဲ့။ မျှော်လင့်ချက်ဟူသည် သဲတစ်ပွင့်စာတောင်မရေရာတော့။
ထိုစဉ် စူးရှသောအလင်းတန်းတစ်ခု။ အလွန်အမင်းတောက်ပလွန်းပြီး
မထင်မှတ်ဘဲတစ်စွန်းတစ်စတွေ့လိုက်ရသည်မို့ သူ ရုတ်တရက် လက်တစ်ဖက်ဖြင့်ကာလိုက်ပြီး မျက်လုံးများကိုမှိတ်လိုက်မိသည်။
![](https://img.wattpad.com/cover/271617317-288-k609722.jpg)
أنت تقرأ
မြတ်နိုးမိသော မေပယ်လ်<or> こうさてん [လမ်း ခွဲ] (Completed )
عاطفيةTitle~ မြတ်နိုးမိသောမေပယ်လ် လမ်းခွဲ ( こうさてん) Author~ Hnin Yhine All Episode~ 35.( U &Z) # sixth 4.6.2021>>>> 25.1.2022( 7 m 21 days)