Episode -12 / Unicode

1.3K 78 3
                                    

Episode 12

🍁လမ်းခွဲ 🍁
🍁
🍁
🍁

အတိတ် ( ၉ )

တက္ကသိုလ်နောက်ဆုံးနှစ်ရောက်နေပြီဖြစ်သောကျွန်တော်သည် အရင်လို အပင်အိုကြီးဆီကို သိပ်မရောက်ဖြစ်တော့ပေ။အားလပ်ချိန်များတွင် သင်တန်းပေါင်းစုံတက်ပြီး အချိန်ဖြုန်းလာတတ်သည်။

သို့ပေမဲ့ password အလွတ်ရနေပြီးသောအဆင့်မှီတိုက်ခန်းကိုတော့ မကြာမကြာရောက်ဖြစ်နေသည်။ယခုလည်း ဆယ်တန်းကို ၂ နှစ်တက်ပြီးမှ All D ဖြင့်လွတ်မြောက်လာသောကောင်လေးအား တွေ့ချင်၍  ဤတိုက်ခန်းသို့ရောက်လာမိခြင်း။

တစ်နှစ်ကျော်တွယ်ခဲ့သောသံယောဇဥ်ကြိုးက အတော်အတန်ခိုင်မာနေခဲ့လေပြီထင်၏။ကျွန်တော်ကိုယ်တိုင်ပင် အေးစက်စက်မျက်နှာဖုံးကိုခွာချပစ်ခဲ့ပြီးဖြစ်လေသည်။စီးပွားရေးနောက်ကိုသာလိုက်နေသည့်ဖခင်ကြောင့် မိဘမဲ့သလိုရင်ခွင်လိုအပ်နေသည့်ကောင်လေးတစ်ယောက်ကို သူမှနွေးထွေးမပေးလျှင် ဘယ်သူ့ကြောင့် ဒီကောင်လေးနွေးထွေးမလဲလေ။

ဉာဏ်ကောင်းပြီး လိမ္မာသည့်ဒီကောင်လေးဟာ ချို့တဲ့လွန်းသည့်ကျန်းမာရေးကြောင့်သာမဟုတ်လျှင် ဒီအချိန်ဆို ကျွန်တော်တို့လိုတက္ကသိုလ်နယ်မြေရဲ့အနာဂတ်ပန်းလေးဖြစ်နေလောက်ပြီပေါ့။

ဘဝတူခြင်းမို့ စာနာစိတ်တို့ပိုကာ ဂရုစိုက်စောင့်ရှောက်ခဲ့သမျှသည် ယခုများတော့အမြစ်ပင်တွယ်နေခဲ့လေပြီ။ တစ်နေ့တစ်ခါလောက်တွေ့ရရုံဖြင့် စိတ်ချသည်ဆိုသောထက် ပိုပြီးဂရုဏာတွေထားပေးနေမိသည်အထိ ကျွန်တော် သူ့အပေါ်မေတ္တာတွေပိုနေခဲ့သည်။

တံခါးဖွင့်သည်နှင့်တွေ့ရတတ်သော အဆိုပါကောင်လေးသည် ဂီတာတစ်လက်ကိုပိုက်ပြီး ငြိမ့်ညောင်းသောသံစဥ်တစ်ပုဒ်ကို သာယာစွာတီးခတ်နေလေရဲ့။

စိတ်မဆိုးနဲ့နော် 🎵 ခွင့်လွှတ်ပါကွယ် ..🎵
ကိုယ်ရိုင်းနေရင် 🎵
ကိုယ့်စိတ်က အရင်ဒီလို ..🎵
မဟုတ်ဘူးကွဲ့ မင်းနဲ့မှ...
ပြောင်းလဲကုန်ပြီ....🎵

မူရင်းအဆိုတော်လောက်မကောင်းသော်လည်း ဩရှရှသူ့အသံလေးနဲ့တစ်မျိုးတော့ နားထောင်လို့ကောင်းနေလေသည်။ မျက်လုံးတွေကိုမှိတ်ထားသည့်သူက သူတီးခတ်နေသည့်သံစဥ်တွေနှင့်လွင့်မျောနေသည့် တိမ်ဝိညာဥ်လေးတစ်ကောင်ပမာ လိုက်ဖက်ရှူမောစရာကောင်းလွန်းလှ၏။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Where stories live. Discover now