Episode -10 / Unicode

1.5K 86 3
                                    

Episode 10

🍁လမ်းခွဲ🍁
🍁
🍁
🍁

အတိတ် ( ၇ )

" ခူးကို ပြောစရာရှိတယ် "

" အင်း ပြောလေ "

" ဒါပေမဲ့ ကျွန်တော်ကြောက်တယ် "

" မင်းက သတ္တိနည်းလိုက်တာ "

အပင်အိုကိုလှမ်းကြည့်ပြီး ကျွန်တော်ရေရွတ်လိုက်သလိုဖြင့် ဆိုမိသည်။ သို့ပေမဲ့ ကျွန်တော်ကိုယ်တိုင်လည်းကြောက်နေမိတာတော့ တိတ်တဆိတ်ဝန်ခံရမည်။

အင်း...
ကျွန်တော်လဲ သတ္တိနည်းသူပဲ...

" ဒါဆို ခူးကိုမေးမယ် "

ကျွန်တော် ငြိမ်သက်ပေးနေလိုက်သည်။တုန်ယင်နေသည့်နှလုံးသားနေရာကြောင့်လည်း အသက်ရှူလို့သိပ်မဝချင်တော့။

" အချစ်မှာ မျက်စိမရှိဘူးဆိုတာ ခူး လက်ခံလား? "

ဒီမေးခွန်းက လွယ်လွန်းတယ်မဟုတ်လား?
အချစ်အကြောင်းသိနေတဲ့လူတိုင်း လက်ခံထားတဲ့ဒဿနကြီးပဲကို။

" အမှန်ပဲလေ ။ အချစ်မှာ လှလို့ချစ်တာပဲရှိရင် ဒီကမ္ဘာပေါ်မှာ ရုပ်ဆိုးလို့တစ်ယောက်တည်းရှင်သန်ရတဲ့သူတွေ ၇၅% ထက်ဘယ်နည်းမလဲ? "

ကျွန်တော့်အဖြေကို သဘောပေါက်သွား၍ထင်သည်။အတန်ကြာ နောက်မေးခွန်းဆက်မလာတော့။

" အဲဒါဆို အချစ်မှာရော ကျား ၊ မ ခွဲခြားထားတာရှိလား? "

ကျွန်တော် ဒီမေးခွန်းရဲ့အဖြေကိုတော့ စဥ်းစားချင်သေးသည်။ အချစ်မှာ မျက်စိမရှိတာသိပေမဲ့ လိင်တူ ၊ လိင်ကွဲဆိုတာကိုတော့ ကျွန်တော်လည်း အပြည့်အဝနားမလည်နိုင်သေးပေ။အချစ်ဆိုတဲ့အံ့ဖွယ်ရာလေးက မျိုးတူလူသားတွေရဲ့နှလုံးသားတွေကို တကယ်ပဲနီးစပ်စေတတ်သလား??

" ယောက်ျားတစ်ယောက်က သူနဲ့အသွင်တူတဲ့ယောကျ်ားတစ်ယောက်ကိုပဲ ချစ်မိသွားတယ်ဆိုရင် ခူး အမြင်ကရော "

" ဆောရီး ။  ကိုယ်မကြုံဖူးလို့ ထင်မြင်ချက်မပေးနိုင်ဘူး "

တစ်ဖက်ကတိတ်သွားသလို ကျွန်တော်လည်းဆက်မပြောဖြစ်တော့ပါ။ အေးစက်သွားသောဒီအခြေအနေကို ဖန်တီးယူလိုက်သူက ကျွန်တော်ကိုယ်တိုင်ပဲမို့ ထပ်ပြီးပြောဖို့ရာစကားလုံးများအား အသည်းအသန်ရှာဖွေနေမိသည်။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Nơi câu chuyện tồn tại. Hãy khám phá bây giờ