ကျေးဇူးတင်လွှာ

441 8 2
                                    

ကျေးဇူးတင်လွှာ❤

ခေါင်းစဉ်ကတော့ ကျေးဇူးတင်လွှာပေမဲ့ တကယ့်တကယ်တင်စရာကတော့ စာဖတ်သူလေးတွေပဲရှိပါတယ်ဗျ။
ကဲ ခူးနဲ့ အရိပ်ငယ် ကိုချစ်ပေးကြတဲ့ကလေးတွေရေ အနီအရမ်းကိုကျေးဇူးတင်ပါတယ်နော်။
vote ပေးတဲ့သူတွေရော အားဆေးဖြစ်စေတဲ့ မန့် လေးတွေအတွက်ပါ အများကြီး အများကြီးကို သဘောကျရပါတယ်။ fb မှာ ရီဗျူးလှလှတွေရေးပေးလို့လည်း အတိုင်းမသိကျေနပ်ရပြီး အများကြီးပဲကျေးဇူးတင်ပါတယ်လို့။
( မြွေ ၊ ဖား တို့ပို့ပေးမယ်ဆိုတဲ့ မန့်လေးတွေကိုရောပဲ😊😊😊😊 ဟုတ် အခုပို့ရင်လဲ မှီနိုင်သေးတယ်လို့😂😂စတာ စတာ)

အခုတော့ လမ်းခွဲရဲ့ဇာတ်သိမ်းကို ရှင်းပြဖို့အချိန်ရောက်ပါပြီ။
ဟုတ်ကဲ့ ။
အနီရက်စက်တာ အနီလည်းသိပါတယ်။ဒါပေမဲ့ ဇာတ်သိမ်းအတွက် ဒီနည်းလမ်းကပဲအကောင်းဆုံးအဆုံးသတ်ဖြစ်မယ်လို့ အနီတော့ယူဆပါတယ်။

ပထမတစ်ချက်။
လူတိုင်းဟာ လှပတဲ့အဆုံးသတ်မျိုး ၊ ပေါင်းဖက်ရတဲ့ဇာတ်သိမ်းမျိုးကိုသာ သဘောကျနှစ်သက်ကြပေမဲ့ လမ်းခွဲမှာ အဲ့လိုဖြစ်ပေးလို့ မရခဲ့ပါဘူး။ အကယ်၍ ဂျူရိပ်နဲ့မေ့ကိုသာ ပေါင်းဖက်ခွင့်ပေးလိုက်မယ်ဆို တစ်လျှောက်လုံးသနားစရာကောင်းလာတဲ့ တန်ခူးအပေါ်ကို မတရားရာရောက်သွားပါလိမ့်မယ်။ ပြီးတော့ ဂျူရိပ်။ မင်းတို့ထင်ပါသလား? တန်ခူးအနားနေရဖို့အတွက်နဲ့တောင် မေ့အပေါ်ကိုအားနာစိတ်မရှိခဲ့တဲ့ ဂျူရိပ်လိုအချစ်လူဆိုးလေးက တစ်သက်လုံးဒီအတိုင်း နေနိုင်မယ်လို့။ အဲ့ဒါဆို အသုံးချခံရတဲ့မေ့အတွက် သိပ်ကိုနာကျင်စရာကောင်းသွားမှာပေါ့။

ဒါဆို ဂျူရိပ်နဲ့ တန်ခူးကို ညားပေးလိုက်ရင်ရော?

ဟင့်အင် ။ အနီယုံကြည်တယ်။ တန်ခူးဟာ ဘယ်တော့မှ အဲ့လိုလုပ်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတဲ့အကြောင်းပြချက်က သိပ်ကိုအားနာလွန်းလို့ပါ။ သူ့ရဲ့ရှင်သန်နေမှုဟာ ဘဝတစ်လျှောက်လုံးပေးဆပ်လာတဲ့ညီမလေးအပေါ်မှာလည်း တစ်စွန်းတစ်စမူတည်နေပါတယ်။ တကယ်လို့ မေဆိုတဲ့ကလေးမလေးသာ မရှိခဲ့ရင် တန်ခူးဆိုတဲ့သူဟာလည်း အခုလောက်ထိအေးဆေးစွာအသက်ရှင်နေမှာမဟုတ်ဘူး။ ဒါဆို ဂျူရိပ်ဆိုတဲ့ မျက်ဝန်းရိုင်းပိုင်ရှင်နဲ့လည်း တွေ့ဆုံခွင်ရခဲ့မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တန်ခူးအပေါ်မှာ မေ့ရဲ့ချစ်ခြင်းမေတ္တာဟာ အတိုင်းအထက်လွန်ကြီးမားပါတယ်။ အဲ့လိုကြီးမားလွန်းလို့ မေ့အပေါ်မှာ တန်ခူးရော ၊ အနီပါ အများကြီးအားနာခဲ့မိတယ်။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Donde viven las historias. Descúbrelo ahora