Episode - 20 / Zawgyi

490 13 1
                                    

Episode - 20

🍁လမ်းခွဲ🍁
🍁
🍁
🍁

သူ့နှင့်ထိတွေ့ခဲ့ဖူးတဲ့ ကျွန်တော့်ခန္ဓာကိုယ်မှာ အနွေးဓာတ်ကလေးဟာ အခုထိလွှမ်းမိုးနေဆဲ။ အိပ်ပျော်ဖို့ခက်ခဲနေတဲ့အချိန်တွေတိုင်း ကျွန်တော် သူ့ကိုသတိရမိတယ်။ အကယ်၍သာ ကျွန်တော်သတ္တိရှိခဲ့လျှင် သေချာပေါက် ကျွန်တော်တို့အခြေအနေဟာ အခုအတိုင်းဘယ်ရှိပါ့မလဲ။ ဒီ့ထက်ပိုကောင်းတဲ့ဆက်ဆံရေးမှာ သူရော ၊ ကျွန်တော်ရော ပျော်နေမှာပေါ့။

မြင်လွှာတွေကိုပိတ်ထားသည့်တိုင် ခပ်ဖျော့ဖျော့ပုံရိပ်တစ်ခုက အာရုံမှာစွဲထင်နေဆဲဖြစ်သည်။ အကူအညီမဲ့ကြောက်ရွံ့နေသည့်မျက်ဝန်းတွေအကြောင်းတွေးမိတော့ ခုန်နေတဲ့နှလုံးသားဟာလှိုက်ခနဲဝမ်းနည်းသွား၏။

တွေ့ဆုံခြင်းတွေလှပခဲ့ပေမယ့် ကိုယ်တို့ရဲ့ခွဲခွာခြင်းတွေကတော့ ခါးသက်နေတယ် အရိပ်ငယ်~~~
လမ်းခွဲတွေရောက်တိုင်း ကိုယ်ကြောက်နေမိတယ်...
အကယ်၍များ တစ်နေ့
ကိုယ်တို့တကယ်ခွဲရမယ့်နေ့ ရောက်လာခဲ့ရင်
ကိုယ်အခုလိုပဲ ဟန်ဆောင်မျိုသိပ်နိုင်ပါ့ဦးမလားတောင် ကိုယ်တကယ်မသိတော့ဘူး~~

ကိုယ် မင်းကို တကယ်ပဲစွန့်လွှတ်နိုင်သလားဆိုတာလည်း ကိုယ်မသိသေးဘူးကွာ~~~
ဒါပေမဲ့ ကိုယ်တစ်ခုတော့ သေချာသိတယ် အရိပ်ငယ်...
အဲ့တာ...ကိုယ် မင်းကိုမြတ်နိုးတယ်ဆိုတာပဲ~~~

ကိုယ် တကယ်ပဲ နှလုံးသားနဲ့ရင်းပြီးကို မြတ်နိုးခဲ့မိပါတယ် အရိပ်ငယ်~~
တကယ်ကို မင်းတစ်ယောက်တည်းကိုပဲ...

🍁🍁🍁🍁🍁🍁🍁🍁

အဖြူရောင်တိမ်သား၊ တိမ်လိပ်တို့ဖြင့် ပြည့်နက်ဖြူလွင်နေသောကောင်းကင်ပြင်ကိုမော့ကြည့်ရင်း ကျွန်တော့်အတွေးတွေဟာ တစ်စုံတစ်ဦးရဲ့ပုံရိပ်လွှာတွေဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။ မိုးရာသီရဲ့မနက်ခင်းတွေမှာ လမ်းလျှောက်ရတာကြိုက်သော ထိုအရိပ်ငယ်။ အခုရော မင်းခြေလှမ်းတွေဘယ်အရပ်ဆီကို ဦးတည်ထားသလဲကွယ်~~

သို့သော် ထိုအမျိုးသားလေးမသိခဲ့သည်က သူသွားရာလမ်းတစ်လျှောက်တွင် အနောက်ခပ်ဝေးဝေးတစ်နေရာဆီမှ ပုံရိပ်ငယ်တစ်ခုဟာရှိနေခဲ့သည်ဆိုတာပင်။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Donde viven las historias. Descúbrelo ahora