Episode - 18 / Unicode

1.2K 74 7
                                    

Episode 18

🍁လမ်းခွဲ🍁
🍁
🍁
🍁

စင်တာထဲရှိ လူရှင်းသောဆိုင်တစ်ဆိုင်ကိုသာ ကျွန်တော်တို့ထိုင်ဖို့ရွေးချယ်ဖြစ်ခဲ့သည်။ ဆိုင်၏သပ်ရပ်လှသောအပြင်အဆင်သည် စားသုံးသူများ၏စိတ်ကို လွတ်လပ်ပေါ့ပါးစေသောသဘောဖြင့် ရည်ရွယ်ထားသကဲ့သို့ပင် ကြည့်ရတာအဆင်ပြေပြေရှိလှသည်။

" တစ်ခုခုမှာလေ တန်ခူး "

ချိုသာပျော့ပျောင်းသောစကားသံတွေနှင့်အတူ အကြည့်များဟာလည်းနွေးထွေးလွန်းသည်ဟု ကျွန်တော်ခံစားလိုက်ရသည်။သို့သော် အပြုံးတို့ဖြင့်ထိုသူ့အား ကျွန်တော်သိပ်ပြီးသဘောမကျ။ညှို့ဓာတ်အားပါသောအကြည့်တို့ကြောင့်လည်း နေရထိုင်ရခက်လာသည်။

" မမှာတော့ပါဘူး ။ ကျွန်တော့်မှာ အချိန်သိပ်မရှိလို့ "

သွယ်ဝိုက်သောစကားဖြင့် တွေ့ဆုံခြင်းကိုမကြာစေလိုကြောင်း အသိပေးလိုက်တော့ ထိုလူဟာခပ်ဟဟရယ်သည်။

" ဟုတ်ပါပြီ ။ ကိုယ်က မင်းရဲ့အချိန်တွေအများကြီးတော့ မယူရက်ပါဘူး "

ကုမ္ပဏီမှာမဟုတ်၍လားမသိ။ထိုသူ၏စကားအသွားအလာများဟာ ရင်းနှီးနေသယောင်ပြုသည်။သို့ပေမဲ့ ကျွန်တော့်ဘက်မှ ကာလာစိမ်းကိုသာကိုင်ထားသည်မို့ ထိုသူ၏ခေါ်ငင်မှုနောက် တစ်စက်ကလေးတောင်ရှေ့မတိုးမိပေ။

" ဟိုနေ့က ။ အင်း ကိုယ့်ရုံးခန်းအထိ သားရောက်လာတဲ့နေ့ကပေါ့ ။ အဲဒီနေ့က သားကကိုယ့်ကိုပြောသွားတယ် ။ သူ သိပ်ကိုချစ်နေပါတယ်တဲ့ "

ရုတ်တရက် ကျွန်တော့်တစ်ကိုယ်လုံးအေးစက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ရင်ဘတ်ထဲမှ နှလုံးခုန်နှုန်းတွေ မကြားရတော့သလို ၊ အချင်းချင်းထွေးဆုပ်ထားမိတဲ့လက်ချောင်းတွေဟာလည်း တောင့်တင်းသွားကာလှုပ်ရှားမရတော့။

တူညီသောမျက်ဝန်းနက်တွေကို ထိတ်လန့်တကြားငေးရင်းက စိုးရိမ်မှတ်ကလည်း တရိပ်ရိပ်တိုးလာ၏။

" တန်ခူးဘက်ကရော? "

ဘာအဓိပ္ပါယ်လဲ?မဟုတ်မှ ဒီလူကြီး သိနေပြီးသားလား?

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Donde viven las historias. Descúbrelo ahora