Episode - 34 / Unicode

1.6K 63 25
                                    

Episode - 34

🍁လမ်းခွဲ🍁
🍁
🍁
🍁
ဖြန်း! ဖြန်း!

နှစ်ချက်ဆင့်အရိုက်ခံလိုက်ရသည့်ပါးပြင်ဟာ နီမြန်းကာရဲတက်လာပေမဲ့ အရိုက်ခံလိုက်ရသူဟာတော့ ကုတင်ပေါ်မှာသာထိုင်လျက် အသက်မဲ့နေသလိုမျိုး တည်ငြိမ်နေဆဲ။ မှိုင်းညှို့ရီဝေနေသည့်မျက်ဝန်းသေများကမူ ရှေ့တည့်တည့်မှအမျိုးသမီးကိုပင် မြင်ဟန်မတူ။

" နင်ဟာ ငါ့အတွက်တော့ ငရဲတစ်ခုပဲ အရူးကောင်ရဲ့! နင့်ကို မသတ်ပစ်ခဲ့မိတာကို အခုအချိန်နောင်တအရဆုံးပဲ! သေရမှာ! ငါ့ရဲ့ကလေးမဟုတ်ဘဲ တကယ်သေသင့်တဲ့သူက မင်းပဲဖြစ်ရမှာ....အခုတော့..အမလေး....ငါ့ရဲ့သမီးကလေး....အင့်...နင့်ကို သတ်ပစ်ချင်လောက်အောင်မုန်းတယ်လို့!...အဟင့်
..ဟင့်..."

လူသေတစ်ယောက်လို ကုတင်ပေါ်တောင့်တောင့်ကြီးထိုင်နေသူကို ထိုအမျိုးသမီးဟာ ထုရိုက်ကာငိုသည်။ ဆဲဆိုနေသည့်စကားများဟာလည်း ရုန့်ရင်းကြမ်းတမ်းလို့။ ဘေးလူကြားလျှင် ဒေါသမီးများဟုန်းခနဲထတောက်နိုင်ပေမဲ့ ကုတင်ပေါ်ကလူကတော့ သူ့ကိုပြောနေသည်ဟုမထင်ရအောင်ပင် တည်ငြိမ်လို့သာနေ၏။

" သန္ဓေယုတ်! မင်းက တကယ်ကိုငါ့အတွက် သန္ဓေယုတ်ပဲ! မင်းကြောင့် ငါ့ကလေးသေရတာ! သိရဲ့လား တိရစ္ဆာန်လိုအကောင်ရဲ့! မင်းကြောင့် ငါ့သမီးက ငါ့ကို နှစ်တွေအ​ကြာ​ကြီးစွန့်ပစ်သွားခဲ့​တာ! အီးဟီးးးအဟင့်......စိတ်ထားလှတဲ့မေမေ့ရဲ့ကလေးလေးရေ...မင်းအခုရော မင်းကိုကြီးဆိုတဲ့ ဒီလိုလူကို ချစ်ပါသေးရဲ့လား? ဟမ်...ဒီလိုလူမျိုးအတွက်နဲ့များ မင်းဟာ
ရောဂါနဲ့ခြိမ်းခြောက်ပြီးတောင် ကာကွယ်ပေးခဲ့တာတဲ့!  မင်းသိပ်ကိုမိုက်မဲလွန်းတာပဲ..ကလေးရယ် ဟင့်..."

ရင်ဘတ်စည်တီးပြီးငိုနေရင်းမှ ပြောလိုက်သည့်စကားတစ်ခွန်းဟာ ကျောက်ရုပ်တစ်ရုပ်လိုတည်ငြိမ်နေသူကို လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့သည်။ ယခင် အေးစက်အသက်မဲ့နေခဲ့သည့်မျက်ဝန်းသေများဟာလည်း ဘယ်၊ ညာ စုန်ဆန်ရွေ့လျားလို့။

" ရောဂါ??? ဘာရောဂါလဲ ။ ပြီးတော့ ခြိမ်းခြောက်တယ်ဆိုတာကရော....."

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Where stories live. Discover now