Episode -7 / Unicode

1.8K 122 4
                                    

Episode 7

🍁လမ်းခွဲ🍁
🍁
🍁
🍁

အတိတ် ( ၄ )

" လွမ်းလိုက်တာဗျာ "

ခုံတန်းနီလေးအပေါ်ကျောမှီထိုင်နေရာမှ နွေးထွေးသွားသောကျောပြင်နှင့် လည်ပင််းပေါ်သို့ယှက်သွယ်လာသောလက်တွေကြောင့် ကျွန်တော် ခါးကိုတောင့်မတ်ပြီး မျက်ခုံးတွေကို ကျုံ့လိုက်မိသည်။
အသက်ရှူငွေ့နွေးနွေးတစ်ခုက နားရွက်ဖျားဆီကိုရိုက်ခတ်လာပြီးနောက် နှာခေါင်းထဲတွင် ညှီစို့စို့သွေးနံ့တို့က အတားအဆီးမဲ့ဝင်ရောက်လာပြန်သည့်အခါ

" လွှတ် "

တင်းတင်းပြတ်ပြတ်နှင့်ပြောထွက်သည့် ကျွန်တော့်စကားသံကြောင့် ပြေလျော့သွားသောလက်တွေနှင့် ကင်းကွာသွားသောအနွေးဓာတ်လေး။
ထို့နောက် ဘေးချင်းကပ်ရပ်ထိုင်ချပြီး ပခုံးစွန်းတစ်ဖက်ပေါ်ကို ခေါင်းမှီတင်လာသူ။
ရဲတင်းလွန်းသည့်ပုံစံဖြစ်သော်လည်း  စိတ်တို့ဖြင့်အလိုလိုသိနိုင်သည့် နာကျင်မှုအရိပ်အငွေ့တချို့ကို သူ့ထံမှ ကျွန်တော်ခံစားမိလိုက်သည်မို့ ငြိမ်သက်ပေးမိသည်။

အချိန်များစွာကြာသည့်တိုင် မလှုပ်မယှက်ခန္ဓာကိုယ်နှင့် သက်ပြင်းချသံတိုးတိုးကြောင့် ကျဥ်နေသည့်ပခုံးကိုပင် လျစ်လျူရှုထားမိလိုက်သည်။
ထိုအချိန် လေပြင်းတစ်ချက်ဝေ့လာသည်ကြောင့် သစ်ရွက်မှိုက်တချို့ ကျွန်တော်တို့ကိုယ်တွေပေါ် မှ တိုးတိုက်ပြေးထွက်သွားကြ၏
လက်ဆစ်အနည်းငယ်တုတ်ပြီး နီရဲပွန်းပဲ့နေသောလက်ချောင်းများကို အမှတ်တမဲ့သတိထားမိလိုက်တော့ ယောင်ကိုင်းနေသည်က ထင်ထင်ရှားရှားမို့ ဥပက္ခာမပြုနိုင်သည့်လက်တို့က ဘောင်းဘီအိတ်ကပ်ထဲမှ ပလာစတာကိုထုတ်ယူမိပြီးသား။

" ကျေးဇူးပါ "

ပွန်းပဲ့နေသည့်ဒဏ်ရာတွေအပေါ် ပလာစတာမကပ်ရသေးခင်ပဲ ကြားလိုက်ရသည့်အသံအက်ရှရှကြောင့် ကျွန်တော့်လက်တွေတွန့်သွားသည်။ရင်တွင်း၌လည်း အတွေးနဲ့တင်နားမလည်နိုင်သည့် ခံစားမှုတစ်ခုကဖျတ်ခနဲ။

" ပေးပါ ။ သန့်စင်နေတဲ့ လက်တွေသွေးစွန်းကုန်မယ်လေ "

ဆတ်ခနဲဆွဲယူလိုက်သောပလာစတာလေးက သူ့လက်ချောင်းတွေကြားမှာ မျောလွင့်နေခဲ့လျက်။
ဝေးကွာသွားသောအငွေ့အသက်သင်းသင်းလေးနှင့် ပေါ့ပါးသွားသောပခုံးတစ်ဖက်မှ ကျဥ်ထုံထုံခံစားချက်ကြောင့် ကျွန်တော်မဲ့လိုက်မိသည်။
အလေးချိန်မရှိတော့သည့်ပခုံးတစ်ဖက်ကို လက်တစ်ဖက်ဖြင့် ခပ်နာနာဖိနှိပ်လိုက်ပြီး ထိုနေရာမှ ထရပ်လိုက်သည့်အခါ ဖမ်းဆွဲခြင်းခံလိုက်ရသည့် လက်တစ်ဖက်နှင့် တဖြည်းဖြည်းချင်းမြင့်တက်လာသည့် အရိပ်နက်နက်ကလေးကို မျက်လုံးလွှဲထားရာမှ ခံစားသိရှိလိုက်ရ၏။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Dove le storie prendono vita. Scoprilo ora