Episode - 9 / Zawgyi

714 16 1
                                    

Episode - 9

🍁လမ်းခွဲ🍁
🍁
🍁
🍁

အတိတ် ( ၆)

နာကျင်မှုဆိုတဲ့ အနာတရသေးသေးလေးဟာ မြင်ရရုံနှင့် ကူးစက်တတ်ပါသလား??

တစ်ယောက်သောသူ၏မျက်နှာလှလှပေါ်မှ အညိုအမဲဒဏ်ရာကတော့ ကျွန်တော်၏နှလုံးသားတိုင်အောင် ဝင်ရောက်အမြစ်ပွားလို့ နေခဲ့ပါသည်။

" အား..ကျွတ်!..ကျွတ်!.."

ဘောင်းဘီအိတ်ကပ်ထဲ ဆောင်ထားတတ်သည့် ခဲရောင်လက်ကိုင်ပုဝါလေးသည် အခုတော့အသုံးဝင်နေခဲ့၏။
သို့ပေမဲ့ သူလည်း နာကျင်နေသလိုပါပဲ။
အနည်းငယ်တော့ တုန်ယင်နေသည်ကို ဆုပ်ကိုင်ထားမိတဲ့ကျွန်တော် ခံစားမိလိုက်၏။

" အ့...နာတယ် "

အာငွေ့ပေးထားသည့်ခဲရောင်ပုဝါစရှိရာ ကျွန်တော့်လက်ပေါ်သို့ ရောက်ရှိလာသောနွေးထွေးမှုတစ်ခု။

" ခဏသည်းခံလိုက် "

မနူးညံ့သောကျွန်တော့်၏စကားသံက အနည်းငယ်တော့ ညင်သာနေခဲ့လိမ့်မည်။
သို့သော်လည်း ဖယ်ချခြင်းမပြုသောလက်နွေးနွေးတို့ကြောင့် လုပ်လက်စအပြုအမူတွေကို ရပ်တန့်ပစ်လိုက်မိသည်။

" ကျွန်တော် အရမ်းနာတာပဲ ခူးရယ် "

အညိုအမဲစွဲနေသောဒဏ်ရာထက် ခဲရောင်ပုဝါစလေး မတင်ဖြစ်တော့ပေ။
ထို့အစား ကျွန်တော့်ပခုံးတစ်ဖက်ပေါ် လေးလံတင်မှီလာသော ဦးခေါင်းကိုသာ ငြိမ်သက်နေပေးပြီး ခွင့်ပြုပေးခဲ့လိုက်သည်။

" ဖေဖေ့လက်သီးက ကျွန်တော်ထင်တာထက် ပြင်းတာပဲ...ဟက်..."

ဆွေးမြေ့သောရယ်သံမှာ မျက်ရည်ကျသံတွေ ကြားလိုက်မိသလိုပါပဲ။
မမြင်ရပေမဲ့လို့ပေါ့။

" ဘဝမှာလေ လူတစ်ယောက်ကြောင့်နဲ့ ဖေဖေ့ဆီကနေ အထိုးခံရမယ်လို့ တစ်ခါမှတွေးမကြည့်မိခဲ့ဖူးဘူးဗျ။..ဟားဟား....ကံတရားကြီးက ကျွန်တော်မှန်းထားသလောက်ထက် ပိုပြီးဆန်းကြယ်တာပဲ "

ကြည်လင်တောက်ပနေသော ကောင်းကင်ရောင်က ကျွန်တော်တို့နှစ်ဦးအပေါ်သို့ လင်းလက်စွာဖြာကျနေခဲ့သည်။သို့သော် ထိုလင်းလက်မှုက ကျွန်တော်တို့နှလုံးသားတွေအထိတော့ ထိုးဖောက်ဝင်ရောက်လာခဲ့ခြင်းမရှိ။
ဘာလို့များ လူတွေဟာ နာကျင်တတ်ကြသလဲ။
ဘာလို့များ လူတွေဟာ ခံစားတတ်ကြသလဲ။
ဘာလို့များ လူတွေဟာ အမှတ်မရှိတတ်ကြသလဲ။
တကယ်လို့များ ကျွန်တော်တို့လူသားတွေမှာ နာကျင်တတ်ခြင်းအနုပညာသာမရှိခဲ့လျှင် ၊ ခံစားတတ်တဲ့ အစိတ်အပိုင်းတွေသာ မရှိတတ်ခဲ့လျှင် ၊ အမှတ်မရှိတတ်တဲ့ ဦးနှောက်တွေသာပါမလာခဲ့ကြလျှင်......
ပိုပြီးကောင်းလိမ့်မည်ဟု ရူးရူးနှမ်းနှမ်းတွေးဖြစ်ခဲ့သည်။

မြတ်နိုးမိသော မေပယ်လ်<or>   こうさてん  [လမ်း ခွဲ] (Completed )Tahanan ng mga kuwento. Tumuklas ngayon